22

4.8K 655 28
                                    

Zawgyi

စစ်မှန်သည့် ချစ်ခြင်းမေတ္တာမှာ တွပ်ကပ်မှုတွေ မပါဝင်ဘူး။
မာနတရားတွေမပါဝင်ဘူး။ အတ္တတွေလည်း မပါဝင်ဘူး။

Jungkookက သူ့အဖေချမှတ်ပေးထားသည့် လမ်းကြောင်း ပေါ်ကို ရောက်နေပြီ။

သူအလုပ်တွေ အရမ်းများပြီး ကျနော်တို့နှစ်ယောက် အတူတူ
dateဖို့အတွက်ပိုခက်ခဲလာသည့် ရှေ့ရေးတွေ။

တက္ကသိုလ်တက်တုန်းက နေရာချင်းမတူလို့ ph တွေ
mailတွေ video callတွေနဲ့ အားပါတကြီး အလွမ်းသယ်
ခဲ့ကြပေမယ့် ဘဝထဲကိုရောက်လာတော့ အတူတူရှိနေတဲ့
မြေမှာတောင် မျက်နှာချင်း မဆိုင်နိုင်ကြဘူး။

တစ်ယောက်ကို တစ်ယောက်ပေးဖို့ အချိန်လည်း အရမ်းနည်း
လာသည်။

Art majorကနေ ကျောင်းဆင်းပြီး assistant manager အနေနဲ့ U gallery မှာ အလုပ်ဝင်နေသည်။

ကျနော်နဲ့ အတူအလုပ်ဝင်လာတဲ့သူက မိန်းကလေး။
သူမနဲ့ အတူတူ အလုပ်လုပ်ဖို့ gallery ကို စောရောက်နေ
သည်။

လက်ပတ်နာရီကိုကြည့်လိုက် လမ်းကိုကြည့်လိုက်နဲ့။

မိနစ်အနည်းငယ်လောက်ကြာတော့ ဘေးဘက်က ခပ်ချိုချို မိန်းကလေးအသံ ထွက်လာသည်။

" အကြာကြီး စောင့်ရလားဟင်... "

"အာ... မဟုတ်.. အဆင်ပြေ.. "

လှည့်ကြည့်မိတော့ အခုထိကို ရေစက်မကုန်သေးဘူးပဲ။

ပေါ့ပေါပါးပါး Jean သားဖြင့်လုပ်ထားသည့် ဂါဝန်အတိုလေး
ကို ဝတ်ထားသည့် Mizuko...

ကျောလယ်ထိရှည်နေသည့် ဆံပင်အကောက်တွေက
နီညိုရောင်ခပ်စစ ထင်ရသည်။

ကျနော့်ကို လက်ညိုးထိုးပြီး
" နင်... နင်က ဒီမှာ အလုပ်လုပ်မှာလား Tae"

"အင်း... assistant manager အနေနဲ့.. "

" ငါရော... ဝါး... လောကကြီးက တကယ်ကျဉ်းကျဉ်းလေး
ပဲ... "

" ရုံးခန်းကို သွားမယ် လိုက်မှာလား"

"အင်း.. "

သူက ကျနော့် ဘေးကနေ ကပ်လာပါခဲ့ပြန်သည်။
အလုပ်ပဲ... ခနလောက် သည်းခံထားလိုက်။

Just Like Trees (completed) Where stories live. Discover now