8

5.4K 811 44
                                    

Zawgyi

ဘောပင်ကို ပြန်ကောက်ကိုင်ရင်း စာထဲကို စိတ်နှစ်အောင်ကြိုး
စားနေသည်။

လက်ကချရေးသွားသည့် စာလုံးတွေ... ကျနော့်ခေါင်းထဲမှာ
ဘာမှမရှိခဲ့ဘူး...
ဗလာသက်သက်နဲ့ ရေးနေသည့် စာတွေကို ငေးကြည့်
နေမိသည်...

မင်းကို သဘောကျတယ်လို့ပြောခဲ့ရင်ရော... ချစ်တယ်ဆိုပြီး
ဖွင့်ဟဝန်ခံခဲ့ရင်ရော... ငါတို့ နှစ်ယောက်ရှေ့ဆက်လို့ရပါ့မလား...

မင်းက ငါ့အပေါ်စိတ်ကွက်ပြီး မင်းကို အရိပ်ပေးနေတဲ့
သစ်ပင်လေးကိုပါ ငြင်းပယ်ခြင်းရေနွေးပူတွေ လောင်းချပစ်
မလား...

ရူးမတတ်သဘောကျလွန်းလို့ ချစ်လွန်းလို့ ဖွင့်မပြောနိုင်ခဲ့တာ

သစ်ပင်လေးက သဘာဝဘေးဒဏ်တွေကို သာကြံ့ကြံခံ
အံတုနိုင်ပေမယ့် မင်းရဲ့ ဥပေက္ခာတွေကိုတော့ နည်းနည်း
လေးမှ မခံနိုင်သေးဘူး...

မင်းရဲ့ ရင်ခုန်သံကိုတောင် မကြားခဲ့ဘဲ... မင်းရင်ခုန်တာ
ဘယ်သူလဲဆိုတာ ဂရုမစိုက်ဘဲ မင်းအပေါ်အရူးအမူး
ဖြစ်ခဲ့တယ်...

မင်းက ငါ့အရိပ်အောက် ခနလောက် ရောက်လာတဲ့လူ...

ဘဝတစ်သက်စာ ငါက အရိပ်ပေးချင်တယ်...

ထွေးပွေ့ထားချင်တယ်...အကိုင်းအခက်တွေနဲ့ မင်းကို
ကာကွယ်ပေးချင်တယ်...

စာလုံးတွေက အရှေ့က မမှီလိုက်လို့ ကူးနေသည့် စာတွေ
အစား... Jungkookကို ချစ်တယ် ဆိုသည့် စကားလုံး
တွေအဖြစ် ပြောင်းလဲကုန်သည်။

မျက်နှာပေါ်တွင် လှိမ့်ကျလာသော မျက်ရည်တွေကို လက်ခုံနဲ့
ဖိသုတ်ရင်း ဆက်ရေးနေသည်။

စာရွက်တစ်ခုလုံးကိုဆွဲစုတ်ပြီး လုံးခြေလိုက်သည်။

လွယ်အိတ်ရဲ့ အံအသေးလေးထဲကို ခြေထားသည့် စာရွက်ကို
ထည့်လိုက်သည်။

လွှင့်ပစ်လို့ရတဲ့ အမှိုက်မှမဟုတ်တာ....

သူ့ကို ချစ်ပါတယ် ဆိုတဲ့အကြောင်းတွေကို နှလုံးသားနဲ့
ရေးထားတာမို့ လွှင့်ပစ်လို့မရပါဘူး...

စာရွက်ပေါ်မှာ ရေးထားသည့် စာကိုတောင် သူနဲ့ ပက်သက်
လာလျှင် ကျနော်က အရမ်းကို အဖြစ်သည်းနေမိ သေးတာ...

Just Like Trees (completed) حيث تعيش القصص. اكتشف الآن