15

4.8K 670 35
                                    

Zawgyi

Australia, Sydney

ပထမနှစ်အတွက် ကျောင်းတွင်း အဆောင်ကိုရောက်လာခဲ့သည်။

ဘေးချင်းယှဉ်ထားသည့် တစ်ယောက်အိပ်ကုတင် ၂ခုနဲ့ သပ်သပ်ရပ်ရပ်ရှိသည့် ကျောင်းသားအိပ်ခန်း။

ပစ္စည်းတွေကို နေရာချရင်း ခေါင်းထဲ ဝင်လာသည်က ယောင်း
ငယ်....ကျောင်းကို ရောက်ရင်Phဆက်ပါလို့ မှာထားသော
ကြောင့် Phကို အမြန်ထုတ်ပြီး contact ကို နှိပ်လိုက်သည်။

phဝင်သွားသော တတီတီ လိုင်းသံက အခုလောက်ထိရင်ခုန်
စရာကောင်းမှန်းမသိခဲ့ဘူး ။

' Hello... '

ဩရှရှအသံလေးထွက်လာတာနဲ့ နှလုံးခုန်သံတွေဟာ ဝုန်း
ဒိုင်းကြဲကုန်သည်။
နှဖူးပေါ်ကနေ စီးကျလာသည့် ချွေးစခပ်သဲ့သဲ့တွေ...
အသံကြား ရုံနဲ့ ဒီလိုမျိုး ဖြစ်ပျက်သွားတာ မဆန်းပါဘူး။

' ယောင်း... ကိုယ် Sydneyကိုရောက်ပြီ'

' ပြေတယ်... ပြေပါတယ်'

'အင်း အင်း.. ငါအခု လျှောက်လွှာထပ်ဖို့ ကျောင်းရောက်နေလို့..ပြန်လာမှ ph ဆက်လိုက်မယ်နော်  Kuu '

လှပခြင်းလေး၏ အသံသည် လောသောသော စိတ်များ လွှမ်း
မိုးနေသည်။

ပထမဆုံး ဝေကွာသော relationship ဒဏ်ကို စတင်
ရိပ်မိ ခံစားမိလာသည်။

' ယောင်းငယ်... ခန.. '

တိခနဲပြတ်သွားသော Phသံ... ယောင်းငယ်ဟာ ဘယ်လောက်ထိ အလုပ်ရှုပ်နေလဲ ဆိုတာ သတိထားမိသည်။

အလွမ်းဓာတ်တွေက အခန်းထဲ တရစ်ရစ်နဲ့ ပြည့်နက်လာသည်။

လေထုထဲမှာ လွမ်းဆွတ်မှုတွေက အပြည့်ဖြစ်လာသည်။

ကျနော်ဟာ မွတ်သိပ်နေသော ချစ်သူရဲ့ ကိုယ်သင်းနံ့
အထိအတွေ့ စကားသံတို့ကို မြင်ယောင်ကြားယောင် လာမိ
သည်။

Phကို စားပွဲပေါ်တင်ပြီး ကုတင်ပေါ်ကို ဘုန်းခနဲ လှဲချ
မိသည်။

အခုထိ ကျနော့် အခန်းဖော်လည်း ရောက်မလာသေး...

ဒီပုံစံအတိုင်းဆို ယောင်းငယ် Phပြန်မဆက်မချင်း ခွေခွေ
ခေါက်ခေါက်ဖြစ်နေဦးမည်။

Just Like Trees (completed) Tempat cerita menjadi hidup. Temukan sekarang