13

5.3K 744 37
                                    

Zawgyi

နောက်ဆုံးနှစ် စာမေးပွဲကို အကြောင်းပြပြီးJungkook က ကျနော့်အိမ်ကို စာကြည့်ဆိုပြီး ခနခန လာတတ်သည်။

Jungkookရောက်လာခါနီးတိုင်း ကိုယ့်ကိုယ်ကို မင်းသား
ရှုံးအောင် အပြတ် ပြင်ထားတတ်သည်။

အမေက အခုတလော ကျနော့်ကို ပဲ များတယ်လို့ တွေ့တဲ့
နေရာမှာ တွေ့ရင် တွေ့သလို ဆူတော့သည်။

သို့သော် ကျနော်ဟာ နုည်းနည်းလေးမှ မဖြုံ.. ချစ်ရသူရှေ့
ကြည့်ကောင်းခြင်းသည် မင်္ဂလာတစ်ပါး ဟုစွဲမြဲစွာဆုပ်ကိုင်
ထားသော ဆောင်ပုဒ်ကြောင့်။

" Jungkook လာတယ် Taehyung ရေ... "

အင်္ကျီလဲဝတ်နေတုန်း  အိမ်အောက်ထပ်မှ အမေ့အော်သံ
ခပ်စူးစူးကို ကြား၍ပြုံးမိသည်။

ဆင်စွယ်ရောင် hoodieကို လျှိုသွင်းပြီး ကြေကောက်ကောက် ဆံပင်တွေကို လက်နဲ့ သပ်ချကာ အောက်ထပ်ကို
ဆင်းလာသည်။

စာအုပ်တွေပိုက်ထားပြီး Jungkookက အမေ့နောက်ကနေ
ပြုံးပြနေသည်။

အမေက ကျနော့်ဆီကို လမ်းလျှောက်လာ ပြီး အသီးပန်းကန်
ထည့်ပေးသည်။

" သစ်သီးအေးအေးလေးစားပြီး စာသေချာလုပ်"

" ဟုတ်... ဟုတ်ကဲ့ ပါ "

သူက ကျနော့် ပုံစံကို ပြုံးပြီးကြည့်နေတုန်း... နားက ယားသလိုမျိုး ရှက်ဝဲဝဲဖြစ်နေပြီ။

လှေကားထစ်တွေကနေ အပေါ်ကို တက်သွားတော့ သူလိုက်
မလာ... ကျနော့်ကို ငေးကြည့်နေတုန်း။

" မလိုက်လာဘဲ ဘာလုပ်နေတာလဲ"

သူ့ကို အော်လိုက်တော့ ထပ်ပြုံးနေပြန်သည်။

" လာပြီ.. ကိုယ်လာပြီ... ယောင်းငယ်"

အသံ မကျယ်တကျယ်နဲ့ တမင်ရွဲ့ပြောသည်။

ခြေကိုစောင့်ပြီး အခန်းထဲဝင်လာတော့ အနောက်ကနေ
ကပ်ပါလာသည်။

မျက်နှာချင်းဆိုင်စားပွဲမှာ စာလုပ်နေတော့ သူ့ဆီကထွက်လာတဲ့ညည်းညူသံတွေ။

" စာလုပ်... နောက်တစ်ပတ်ဆို... ဖြေရတော့မှာ"

" ယောင်းငယ်က စာလုပ်လေ... ကိုယ်က ယောင်းငယ်ကို
ထိုင်ကြည့် နေမယ်... "

Just Like Trees (completed) Where stories live. Discover now