7

5.3K 797 32
                                    

Zawgyi

မိုးရေတွေရွှဲရွှဲ စိုနေသည့် စာအုပ်တွေကို အိမ်အပြင်ဘက်က
အမိုးကာ ထားသည့် တန်းလျား ခပ်သေးသေး ပေါ်မှာ
တင်ထားခဲ့သည်။

အိမ်ထဲကို ခြေသံကျယ်ကျယ်ဖြင့်ပြေးဝင်လာတော့ ဧည့်ခန်း
မှာ ထိုင်နေသည့်အမေက လှမ်းကြည့်သည်။

" Taehyung.. busမမှီပြန်ဘူးလား? "

အမေ့ကို လှည့်မကြည့်ဘဲ လှေကားကနေ အပေါ်ကို 
တစိုက်မတ်မတ်တက်လာခဲ့သည်။

အခန်းတံခါးကို ဖွင့်ကာ စောင့် ပိတ်လိုက်ပြီး တံခါးနဲ့ ကျောပြင်
ထိကပ် ကာ ဒူးတွေ ယိုင်လဲကုန်သည်။

တရှုံ့ရှုံ့နဲ့ ရှိုက်ကာ ငင်ကာ အော်ငိုနေမိသည်။

သူကပဲ 'အ' တာလား ကျနော်ကအဲ ဖုံးကွယ် လွန်းသွားတာ
လား...

Mizuko နဲ့ ကျနော် တွဲနေကြတာကို မကျေနပ်တာလား

Jungkook က သူမကို ချစ်နေတာလား...

အဖြေမရှိသော မေးခွန်းတွေက နှလုံးသားထဲကို ဖန်ကွဲစ
တွေ စိုက်သလို ဝင်ရောက်လာသည်။

တစ်ကိုယ်လုံးက စိုကပ်နေပြီး ချမ်းလွန်းလို့ တုန်နေသည်။

သူ့နဲ့ဝေးကွာနေသည့် နေရာမှာ အမြစ်တွယ်နေခဲ့တာ
သူ့ဆီကို မရောက်နိုင်ဘူး။

မရွေ့လျားနိုင်ခဲ့ဘူး... သူ့ဆီကို ရောက်အောင်မသွားနိုင်
ခဲ့ဘူး... ။

သူ သိအောင်လဲ မပြောနိုင်ခဲ့ဘူး။ ရှက်ရွံပြီး ရှေ့ဆက်မတိုး
နိုင်ဘူး။

ကိုယ်တွေက မီးခဲလို ပူကျစ်ပြီး ဖျားတော့သည်။

ကျောင်းသွားချင်စိတ်လည်း မရှိ၍ခွင့်တိုင်ပြီး အိမ်မှာ အနား
ယူလိုက်သည်။

အခန်းထဲမှာ စာရေးနေတော့ အမေက ဘေးနားကနေ
ဆန်ပြုတ်ပန်းကန်လာချပေးသည်။

" နားလိုက်ပါဦးလား...လူက နေမှ မကောင်းဘဲ"

" မနားချင်ဘူး..."

နှဖူးကို လာထိသည့် သူမလက် ခပ်အေးအေး။

"အတော်ကို ပူနေတာပဲ... Taeလေး ပိုပြီး အခြေအနေဆိုး
မယ် "

"ဆန်ပြုတ်သောက်လိုက်မယ် ပြီးရင် ဆေးသောက်ပြီး
အိပ်လိုက်မယ်... "

Just Like Trees (completed) Donde viven las historias. Descúbrelo ahora