20

5K 625 32
                                    


Unicode

တစ်နေ့တာကို စတင်တာနဲ့ ရင်ခွင်ထဲမှာ သူရောက်နှင့်ပြီးပြီ။

နှဖူးပေါ်ဝဲကျနေသည့် ဆံပင်တွေကို လက်ဖြင့်သပ်တင်ပေး
လိုက်ပြီး သူ့မျက်နှာ ရှင်းရှင်းလေးကို တမေ့တမော ကြည့်
နေမိသည်။

သုံးလလုံးလုံး နှလုံးသားတွေ အက်ကွဲတဲ့အထိ လွမ်းနေခဲ့တာ။ သူမသိဘူး...။

ph contactကို မနှိပ်ဘဲ အကြာကြီးထိုင်ကြည့်နေတတ်
ခဲ့တာလည်း သူမသိခဲ့ဘူး။

အရက်တွေ ဆေးလိပ်တွေ အလွန်အကျွံသောက်ခဲ့မိတာ
လည်း သူမသိခဲ့ဘူး။

နောက်ဆုံးတော့လည်း လိုက်လာခဲ့တာပဲ.. ကျနော်တို့
နှစ်ယောက်စလုံး မပြတ်နိုင်ခဲ့ဘူး။

လက်မောင်းကို ခေါင်းအုံးပြီး သူက နှစ်နှစ်ခြိုက်ခြိုက်ကို
အိပ်ပျော်နေသည်။

ပါးတစ်ဖက်ကို ငုံ့နမ်းလိုက်တော့ သဘောကျတဲ့ vanilla အနံ့
လည်ချောင်းထဲကို စီးပျော်ဝင်သွားသည်။

တလှုပ်လှုပ်နဲ့ မျက်တောင်ထူထူတွေ ပုတ်ခတ်ပုတ်ခတ်
ဖြစ်လာသည်။

မျက်လုံးလှလှလေးတွေပွင့်လာသည်။ ကျနော်က အမူအရာ
တစ်ခုချင်းစီကို ငေးကြည့်နေမိတုန်း ။

မော့ကြည့်လာသည်။ နှုတ်ခမ်းထောင့်တွေ ကွေးညွှတ်ပြီး
မျက်လုံးတွေ မှိတ်ကြသွားတဲ့အထိ ပြုံးရယ်ပြသည်။

"ဘယ်အချိန်ကတည်းက နိုးနေတာလဲ... "

"သိမကြာသေးဘူး... "

" ကောင်းသောနံနက်ခင်း... အချစ်ကလေး.. "

"အချစ်ကလေး? ဘယ်သူ? "

" ငါ့အချစ်ကလေး... ငါအသဲလေး... Jeon Jungkook"

လည်ပင်းတွေကို သိုင်းဖက်လာပြီး နှုတ်ခမ်းကို နူးနူးညံ့ညံ့ လာထိ တွေ့သည့် အနမ်းက ထင်ထားတာထက် ချိုမြိန်လှသည်။

ခေါင်းအနောက်ကို ထိန်းပြီး သူ့ နှုတ်ခမ်း သေးသေးလေးကို
တရှိုက်မတ်မတ် နမ်းမိနေဆဲ...

ကျနော့်အပေါ်ရောက်လာပြီး လည်ပင်းကို လာနမ်းသည်။

" hmm.. ယောင်း..."

Just Like Trees (completed) Opowieści tętniące życiem. Odkryj je teraz