4

5.6K 830 70
                                    

Zawgyi

ပထမ ညမှလုပ်မယ့် camp-fire သွားဖို့ အဝတ်အစား
လဲလိုက်သည်။

ထွက်လာတော့ Jungkookမရှိတော့ ဘူး...
သူက အရင်ထွက်သွားနှင့်ပြီ ပဲ။

ကမ်းခြေတစ်နေရာက ကျောင်းသားတွေ အုပ်စုဖွဲ့ပြီး
လုပ်နေသည့်  camp-fire...

လေက တဝေါဝေါနဲ့ တိုက်နေသည်... အပေါ်ထပ် အင်္ကျီ
ဝတ်လာခဲ့ လို့ တော်သေးသည်...

အဝေးကနေလှမ်း ရှာနေတာ... ဘယ်သူ့ကို မှမဟုတ်ပါဘူး
Jungkookကို... အမြဲတမ်းကျနော် ရှာဖွေနေမိသည်။

မထင်မှတ်လောက်ထားတဲ့အထိ သူ့အပေါ်ကို အရမ်းရူးသွပ်နေတာ။

Jungkookတို့ အုပ်စုက B.B.Q လုပ်တဲ့ နေရာမှာ အသားနဲ့အသီးအရွက်တွေကို ကင်နေသည်။

camp fireဘေးကို ဝိုင်းပတ်ထားသည့် နေရာမှာ ဝင်ထိုင်
လိုက်သည်။

ကျနော့် ဘေးနားကိုရောက်လာသည့် Jungkook...

" ရော့...Taehyung"

" အော... "

ငါးအူချောင်းနှစ်ခု ထည့်ထားသည့် ပန်းကန် ခပ်သေးသေး
တစ်ခု ပေးသည်။

သူ့ဆီက လှမ်းယူပြီး ငါးအူချောင်းကို တစ်ကိုက်စား
ကြည့်မိသည်... အစပ်မပါဘူး...

ကျနော်က spicy foodsတွေ မစားနိုင်ဘူး... သူသိတာ
လား... သူသိနေတာလား....

အမျိုးအမည် မသိသော ပျော်ရွှင်မှု တစ်ခု လှိုက်ခနဲ ဖြတ်
သွားသည်...

" အဟွတ်... အဟွတ်..! "

ဟင်းရည်သီးသွားတာ... လည်ချောင်းကနေ နှာခေါင်းထဲထိ
စပ်ပြီး။ ပူထူသွားသည်...

နောက်ကျောကို ဖွဖွလေး နှိပ်ပေးနေသည့် လက်တစ်စုံ

"အဆင်ပြေလား??  ရေ... ဒီဘက်ကို ရေ ပေးပါဦး!! "

သူက ပြာပြာသလဲ ရေရဖို့ ထအော်သည်...

ရေအေးအေးလေးတစ်ခွက် ကမ်းပေးသည်။
"သောက်လိုက်...ဘယ်လိုတောင် စားလို့လဲ... 'နင်'သွား
တဲ့ အထိ"

ရေကို တစ်ခါတည်း မော့သောက်ပြီး
" ဟင်းရည်သီးသွားတာ ဘာမှမဖြစ်ဘူး"

" အဲ့တာက အသက်ရှူလမ်းကြောင်းရောက်သွားရင်
သေတတ်တယ်ဆို တာ မသိဘူးလား..အဲ့လောက်ထိ
ပေါ့ရလား! "

Just Like Trees (completed) Donde viven las historias. Descúbrelo ahora