19

5K 701 33
                                    

Zawgyi

သွေးတွေက ဘယ်ဘက်ရင်အုံထဲမှာ ပြင်းပြင်းထန်ထန်
ဆူပွက် နေသည်။

တစ်ကိုယ်လုံး အေးစက်တုန်လှုပ်ပြီး တွေးထားသည့်အတိုင်း
လက်ခံရမှာကိုလည်း ကြောက်နေသည်။

သူက Jungkook ကိုတွဲထားရင်း တဖြည်းဖြည်းနဲ့ တံခါးမကြီး ကို ကျော်ပြီး အဆောင်ထဲကို ဝင်တော့မယ်..။

ခြေထောက်တွေက မြေပြင်မှာ စေးကပ်နေသည်။ ဘယ်လိုမှ
ရွေ့လို့မရဘူး။

လည်ချောင်းထဲမှာ တစ်စုံတစ်စုံက တွန်းကန်ထားသည်။  စကား ပြောဖို့ အသံထွက်မလာခဲ့ဘူး။

ရှိသမျှအင်အားတွေစုယူလိုက်သည်။ကျနော် သိရမှ ဖြစ်မယ်။

" ဒီမှာ... ဒီမှာ... "

" Hmm... ?"

သူ့ပခုံးပေါ်မှာတဲာထားသည့် ကျနော့် ကောင်လေးကို ဆွဲယူ
လိုက်သည်။

မွှန်ထူနေသော အရက်နံ့ကြောင့် ကျနော်ပါ ပျို့အန်ချင်သလို
ဖြစ်လာသည်။ ဘယ်လောက်ထိ လူမမြင်သူမမြင်သောက်
လာတာလဲ...။

သူ့ခန္ဓာကိုယ်ကြီးကို မနိုင်မနင်း ထိန်းထားရသည်။
ကျနော့် ခြေထောက်တွေပါ ခွေချင်လာပြီ။

" Jungkook က ငါ့ကောင်လေးပါ... "

ဆံပင်အဝါနဲ့က သဘောပေါက်သွားသလိုမ်ျိုး ခေါင်းငြိမ့်
ပြသည်။ ပြီးတော့ ကျနော့်ကို ရီရီမွန်မွန်ပြုံးပြသည်။

" အာ... ငါက သူ့ရဲ့ အခန်းဖော် Felix ပါ... မနေ့က သူ barမှာမူးနေလို့..."

"အင်း.. အခန်းကို ခေါ်သွားမယ် လိုက်ပြပေးလို့ရမလား"

"မင်း မနိုင်ဘူး...  ငါ သယ်ခဲ့မယ်... "

"ရတယ်.. ငါနိုင်တယ်"

သူက ခေါင်းကို တွင်တွင်ခါသည်။

" ငါ သယ်ခဲ့မယ်... "

ဒီတစ်ခါတော့ ကျနော်လည်းမငြင်းတော့...။ တကယ်လေး
ပင်နေပြီ။
Jungkookကိုသယ်ပြီး အခန်းဆီကို ခေါ်လာခဲ့သည်။

နှစ်ယောက်ခန်းမှာ ကုတင်က တစ်လုံးတည်း...
သံသယတွေခေါင်းထဲ တိုးဝင်လာပြန်ပြီ။

Jungkook ကို ကုတင်ပေါ်လှဲချရင်း
" ငါ့အခန်းက ဟိုဖက်က ကပ်ရပ် အကူအညီလိုရင် ခေါ်လိုက်"

Just Like Trees (completed) Where stories live. Discover now