2

6.4K 874 38
                                    

Zawgyi

အချစ်ကို ဘယ်လိုရှာဖွေတွေ့ရှိခဲ့လဲ ဆိုတာ ပြန်လှည့်ကြည့်ရင် နီးနီးလေးဖြစ်သွားလောက်တဲ့အထိ ကျနော့်ဆီကို အချစ်
ရောက်ရှိလာတာ မြန်ဆန်လွန်းသည်။

အချစ်ကို မစောင့်ခဲ့ဘူး... အချစ်ကသာ ကျနော့်ဆီကို ရောက်လာ ခဲ့တာ။

ကျနော်သူ့ကို ဘယ်လို သဘောကျခဲ့တာ ဆိုတော့
ဒီတိုင်း... ဒီတိုင်းပါပဲ။ 

သတိမထားမိလိုက်ခင်မှာပဲ ချစ်မိသွားတာ Jungkookကို။

လပတ်စာမေးပွဲရှိတုန်း PC gameထိုင်ကစားနမိသည်။
စာတွေက အကုန်လုပ်ထားပြီးသား အလယ်ကဖောက်မေးမေးရပြီးသားမို့ ပြန်ကြည့်စရာမလို။

အခန်းတံခါးဖွင့်ပြီး အမေဝင်လာသည်။

နောက်ကျောကို ခပ်ဆတ်ဆတ်ရိုက်ပြီး  ear phones ကို
ဆွဲဖြုတ်သည်။

Victory ဝင်ခါနီးပြီ ခန... ခနလေး...။
ထင်ထားတဲ့အတိုင်း မီးခလုတ်ကို ပိတ်ပစ်ပါသည်။

" အမေ!!! "

နားရွက်ကို လာလိမ်ဆွဲပြီး
" မနက်ဖြန် လပတ်ကို gameထိုင်ဆော့နေနိုင်တယ် "

"အား... စာတွေကလုပ်ပြီးပြီလို့... နာတယ် အမေ"

လွှတ်ပေးတော့ နားရွက်တစ်ခုလုံးပြတ်ထွက်မတတ် ပူကျစ် သွားသည်။

" Jungkook ရောက်နေတယ် "

" hmm?? "

" အောက်ထပ်မှာ Jungkook ရောက်နေတယ် "

"အင်း... လာခဲ့မှာမို့... အမေ အပြင်ထွက်တော့ "

အမေကတော့ သူ့ကို နှင်ရကောင်းလားဆိုပြီး မျက်စိမျက်နှာ
ပျက်နဲ့ အပြင်ကိုထွက်သွားသည်။

ဘုရား ဘုရား....ရင်ဘတ်ကို လက်နဲ့ဖိထားသည်။

နာမည်ကြားလိုက်ရုံနဲ့တင် နှလုံးသားက ခုန်ပေါက်နေလေ
သည်။

အက်ႌ... အက်ႌအျမန္လဲရမယ္။  ကြည့်ကောင်းမယ့် hoodie တစ်ထည်ကို ကောက်စွပ်ပြီး ကျနော့်ရဲ့ ကြေကောက်ကောက်
ဆံပင်တွေကို လက်နဲ့ ဖိပစ်လိုက်သည်။

ကိုယ့်အနံ့... အား... နံနေလို့မဖြစ်ဘူး။
ရေမွှေးပါးပါးလေး စွတ်ပြီး အင်း.. ဒီလောက်ဆို အဆင်ပြေပါ
ပြီ။

Just Like Trees (completed) Donde viven las historias. Descúbrelo ahora