outro(final)

6.5K 685 77
                                    


OST - Euphoria By Jeon Jungkook

Zawgyi

မနက်ခင်းမိုးလင်းတာနဲ့ ခပ်ပူပူ mochaအနှံ့တွေသည်
မရိုးမအီနိုင်အောင် နှာခေါင်ထဲသို့ လွင့်ပျံ့လာဆဲ...။

Kuuရေလို့ တစ်ခွန်းခေါ်လိုက်တာနှင့် ဒီကောင်ကြီးသည်
သူ့အလိုကို ဘယ်လိုနည်းနဲ့မဆို ဖြည့်ဆည်းပေးနေကြ။

မျက်မှောင်လေးတစ်ချက်မကြုံ့ရ....။

လေပူလေးတစ်ချက်မမှုတ်ရတဲ့အထိ ဂရုစိုက်မှုတွေသည်
အတိုင်းထက်လွန်ဖြစ်နေခဲ့သည်....။
မတရားအလိုလိုက်မှုတွေတွင် ကလေးဆိုးလေး အဖြစ်
ပြောင်းလဲလာသော ယောင်းငယ်သည် ထပ်ပြီး
ချစ်ဖို့ကောင်းနေဆဲ...။

သစ်ပင်လေးဟာ အနွေးဓာတ်ကိုလည်းပေးသည်။
တစ်သက်တာလုံးတောင်းတခဲ့သော အချစ်တွေကိုပါ
အပိုဆုအဖြစ်ယူလာပေးသေးသည်....။

နေ့လယ်စာဘူးကို ယူပြီး သူနဲ့အတူတူစားဖို့ company
ကို လိုက်သွားခဲ့သည်။

အခန်းတံခါးက ပွင့်နေပြီး ရယ်သံ ခပ်သဲ့သဲ့ကိုလည်း ကြားရ
သည်။

တဆတ်ဆတ်တုန်နေသော လက်တို့ဖြင့် ဆွဲဖွင့်ကြည့်မိ
တော့ Kuu နဲ့ တရယ်တမော စကားပြောနေတဲ့
အတွင်းရေးမှုးမလေး။

လက်ထဲက ကိုင်ထားသည့် ထမင်းဘူးက အောက်ကို
လွတ်ကျသွားသည် ဘုန်း!

တံခါးဝဆီကို အကြည့်တွေရောက်လာသည့် သူမနဲ့ Jungkook...

" အာ... ငါနှောင့်ယှက်မိသွားတယ်... တောင်းပန်ပါတယ်
ဒီမှာပေကျံတာတွေကို သန့်ရှင်းရေးလုပ်ပေးမယ်နော်
မသိလို့... ငါက ဝင်လာမိတာပါ"

Jungkookက ကျနော့်နားရောက်လာသည်။

" ယောင်း...ကိုယ်ပြောပြမယ်"

" မဟုတ်တာ... ငါက နေ့လည်စာလေး အတူတူ စား
ချင်လို့ကို... မင်းတို့ကို နှောင့်ယှက်မိသွားတာ... "

tissue နဲ့ ပေကျံနေတဲ့ ကြမ်းပြင်ကို လိုက်သုတ်တော့
လက်တစ်ဖက်က အဆွဲခံလိုက်ရသည်။

" ကိုယ့်ကို ကြည့်! ကိုယ့်စကားကို နားထောင်ဦး! "

မျက်ရည်လည်နေသည့် မျက်ဝန်းညိုညိုတွေက ငိုချ
တော့ မလိုဖြစ်လာသည်။

Just Like Trees (completed) Where stories live. Discover now