back to trees

2K 269 13
                                    

Zawgyi

Honeymoonသည် ထင်သလောက်လွယ်ကူ
မနေခဲ့....။

ဂျယ်ဂျူကိုရောက်ကတည်းက ပခုံးပေါ်ကနေ
တက်ခွလိုက် ခါးတွေကိုဖက်ထားလိုက်
အင်္ကျီစကို ဆွဲထားလိုက်နဲ့ art gallery က
manager လေးသည် အတိုးချကာ ရစ်တော့သည်...။

ရှိသမျှအလုပ်တွေသည် နံဘေးကို ဖယ်ခွာထားခံရ...။
လောကတစ်ခုလုံးကိုသော့ခတ်သိမ်းထားသည်....။

ရောင်ခြည်ငယ်လေးလွတ်ထွက်မသွားအောင်
သူသည် ကိုယ်လုံးလေးကို တင်းကြပ်နေအောင်
ဖက်ထားဆဲ...။

အခုချိန်သည် သူနဲ့ ယောင်းငယ် အတွက်
private time သက်သက်ပေးရမယ့်အချိန်သာဖြစ်သည်...။

Hotel ခန်းထဲက စောင်ဖြူဖြူပုံထဲတွင်
ကပ်လျက်ရှိနေသည့် ခန္ဓာကိုယ်နှစ်ခုဆီက
အနွေးဓာတ်တွေဟာပျံ့လွင့်လို့။  

April နေ့လယ်ခင်းတွေသည် အကျည်းတန်အောင်
ပူပြင်းနေသည်....။

ခါးသိမ်သိမ်လေးကိုတင်းနေအောင်ဖက်ထားသည့်
လက်တစ်ဖက်သည် အနည်းငယ်မျှ ရွေ့လျားလျား....။

ကိုယ်လုံးလေးကိုဆွဲလှည့်တော့ ရင်ခွင်ထဲကို
ခေါင်းမှီပြီး မျက်လုံးမှေးထားသည်....။

" ဘာလုပ်ချင်သေးလဲ... ဂျယ်ဂျူအနှံ့ကို
တော့ ခြေရာတွေထပ်အောင်သွားခဲ့ပြီးပြီ... "

"မင်းအပေါ်ဆိုးချင်သေးတယ်... "

နှဖူးထက်တွင် ဝဲကျနေသည့် ဆံပင်တွေကို
လက်ဖြင့်ခပ်ဖွဖွသပ်တင်... တလောကလုံးရဲ့
အသံတွေ တိတ်ဆိတ်ကုန်တယ်....။

"အရင်ကမဆိုးတာကျနေတာပဲ... "

သူ့စကားကိုမထောက်ခံမိတော့ နှုတ်ခမ်းဆူကာ
ရန်တွေ့ပြီး ရင်ဘတ်ကို လက်ဖြင့်လာထုသည်....။

"တစ်သက်လုံး... အဖိုးကြီးဖြစ်တဲ့အထိဆိုးဦးမယ်
အနိုင်ယူမယ် အတ္တကြီးပစ်မယ်
ငါ့ကို အရူးလုံးလုံးဖြစ်အောင်လုပ်တဲ့ မင်းကို
မကျေနပ်ဘူး..."

တကြိတ်တခဲနှင့်ထွက်လာသည့် မကျေနပ်သံကအစ
အူယား အသဲယားဖို့ကောင်းနေသည်....။

တည်ကြည်သည်ထင်ရသလောက် ချွဲလို့ရ ဆိုးလို့ရမယ်
ဆိုလျှင် ကြောင်ပေါက်လေးတစ်ကောင်ကဲ့သို့ပုံစံပြောင်း
သွားတတ်သည်... 

Just Like Trees (completed) Donde viven las historias. Descúbrelo ahora