9

5.6K 805 52
                                    

Zawgyi

ဘယ်အရာကို စောင့်နေမှန်းမသိတဲ့ စောင့်ဆိုင်းခြင်းတွေ
အကြောတွေထုံလာပြီး အရိုးတွေ အေးခဲမတတ် စောင့်နေခဲ့
သေးသည်။

diary စာအုပ်ရယ်ဆိုပြီး ရှိသမျှ ခံစားချက်တွေကို ရေးချထား
ခြင်းဟုတ်မဟုတ်... မကျေနပ်ချက်များလည်း မဟုတ်...
သူ့ကိုချစ်ပါတယ် ဆိုသည့် စာကြောင်းကိုသာ အထပ်အထပ်
အခါခါ ရေးနေမိတာ။

သူမကြားနိုင်တဲ့နေရာကနေ သူ့ကို ချစ်ကြောင်း သဘောကျ
ကြောင်း ထပ်တလဲလဲ ပြောနေမိတာ။

တဖက်စောင်းနင်း ကျနော့်အတွေးနဲ့ မေးခွန်းတွေ...
ရှင်းပြမယ့်သူမရှိ.. အဖြေမရှိ... ကျနော်ပဲ မေးလိုက် ဖြေလိုက်
လုပ်ခဲ့ရသောနေ့တွေ...

တော်ရုံဆို ဒူပေဒါပေ မခံတဲ့ ကျနော်ဟာ အထက်တန်း
နောက်ဆုံးနှစ်လုံးလုံး မြိုသိပ်ထားခြင်းကြောင့် နှလုံးသားတစ်ခု လူံးကလည်း စိစိညက်ညက်ကြေနေပြီ။

သို့သော် သူ့ကို မေ့ပစ်ဖို့ လုံးဝမစဉ်းစားမိဘူး...မကြိုးစားခဲ့ဘူး။

ချစ်မိသွားတာက နောင်တချိန်မေ့ပစ်ဖို့မှ မဟုတ်တာ...

နာကျင်တော့လည်း ချစ်နေမိတာပဲ...။

သူဖြစ်နေလို့ ချစ်နေတာ... နှလုံးသားက လက်ခံခဲ့တဲ့သူ
Jungkook ဖြစ်နေလို့...

chemistry project အတွက် စာတွေပြင်နေရင်း
တော်တော် နဲ့ အိပ်မပျော်နိုင်။

ဘောပင်ကိုင်ထားသည့် လက်တွေက ယိုင်ထိုးနေပြီ...
မျက်လုံးတွေမူးဝေနေပြီး ရပ်ဖို့ အချက်ပြနေသည်...

စာအုပ်ကို ပိတ်လိုက်ပြီး စာကြည့် မီးအိမ်ကိုပါ တစ်ခါတည်း
ပိတ်ပစ်လိုက်သည်။

projectတွေထပ်ခိုင်းတော့ ထုံစံအတိုင်း Jungkook
တို့က မပြီး...

နောက်တန်းကနေ ခပ်တည်တည်ပဲ သူသွားမထပ်ဘူး..

project စာရွက်ကို ကျစ်နေအောင်ဆုပ်ကိုင်ထားသည်...

သွားထပ်သင့်လား...သူနဲ့အတူ library ထဲမှာ စာအုပ်စီ
ရတဲ့ အပြစ်ဒဏ်ကို ယူမလား....

ရွေးချယ်ရမယ့် အရာတွေ ယှဉ်လျက်ဖြစ်တည်လာတဲ့အခါ
ကျနော်ဟာ ရူးရူးမိုက်မိုက်နဲ့ သူ့ကို ရွေးမိနေဆဲ...

Just Like Trees (completed) Wo Geschichten leben. Entdecke jetzt