ဝမ်ရိပေါ်. သူ့ရှေ့က မျက်နှာချင်းဆိုင် ထိုင်နေသော လူကို အဓိပ္ပါယ် ပါသည့် အပြုံးနှင့် ကြည့်နေမိသည်။
အရှေ့မှာထိုင်နေသော သူသည် မကြာခင် သူ့အောက်မှာ မချိမဆန့်နဲ့ အော်ည ည်းနေရမယ် ဆိုတဲ့ အတွေးကပင် ဝမ်ရိပေါ်ရဲ့ ဖွားဖက်တော်ကို ချက်ချင်း အမောက်ထောင်လာနိုင်စေသည်။
ဝမ်ရိပေါ် အရှေ့က လူသည် သိပ်ကို လှရက်လွန်း၏။ လှပသည့် မိန်းမပျို ဟု ဘွဲ့တော် ချီးမြင့်ခြင်းခံရသည့် ဣတိယများ တောင် ထိုလူ သား၏ အလှကို မမှီနိုင်ပါအံ့။
ပြည့်စုံနေပြီးသော မျက်နှာ ရူပါသွင်ပြင်ကို ထပ်မံ ဖြည့်စွက်ထားခြင်း ခံရသည့် နှုတ်ခမ်းနားမှ မှဲ့စက်လေးသည်လည်း ထိုလူသား၏ အလှကို တစ်မျိူး ထောက်ပံ့ပေးနေသယောင်။
တိုင်းပြည်တစ်ပြည်၏ တော်ဝင်အိမ်ရှေ့စံ မင်းသားတစ်ပါးဟာ အဘယ်ကြောင့်များ ဤကဲ့သို့ လှပနေရပါသနည်း။
အိမ်ရှေ့စံ၏ သွယ်လှသော လက်လေးများသည်လည်း အခြားသော မင်းသားတွေ ဘုရင်တွေကဲ့သို့ အသားမာများနှင့် ပနံတင့်နေခြင်း မဟုတ်ဘဲ လက်သည်းခွံ ကြည်ကြည်တို့နှင့် ရှုချင်စရာကောင်းလှပါ၏။
စစ်ရေးကိရိယာ များကို ကိုင်ဆောင်ရသည့် အိမ်ရှေ့စံတစ်ပါး၏ လက်ဟာ ပန်းချီဆရာ တစ်ယောက်အသွင် နူးညံ့နေရသည့် ဖြစ်အင်ဟာ မြင်ရသူတိုင်းအဖို့ မှင်သက်လောက်စရာပင်။
အကျဥ်းချုပ်၍ ပြောရပါလျှင် ဒီတိုင်းပြည်၏ အိမ်ရှေ့စံသည် ဖွဲ့နွဲ့၍မရသည် တိုင်အောင် လှပလွန်းလှပါ၏။
ပန်းလေးတွေမှာတောင် ရန်သူတော် ပျားပိတုန်းတို့ရှိ၏။ ထို့နှင့်အတူ အိမ်ရှေ့စံမှာလည်း သူ၏အလှအတွက်နှင့်တင် အန္တရာယ် အထူးရှိသည်။
ဝမ်ရိပေါ် အရှေ့က လူကို မျက်တောင် မခတ်စိုက်ကြည့်နေလျက်ပါပင်။ ဒါဟာ အများအမြင်မှာတော့ သေဒဏ်ကျရလောက်သည်အထိ အပြစ်ကြီးလှတယ်ဆိုတာကိုတော့ ဝမ်ရိပေါ် သိပါသည်။
သို့ပေမဲ့ ဝမ်ရိပေါ်အတွက် ဤအရာတွေက အရေးမှ မပါဘဲ။ဝမ်ရိပေါ်အတွက် အမှန်တကယ် အရေးပါသည့် အရာက တစ်ခုတည်း။