Unicode
The sunset is beautiful, isn't it?
***
ဂန်ဝန်ဒိုရဲ့ နွေမနက်ခင်းဟာ နေရောင်ခြည်နွေးနွေးဖြင့် လွှမ်းခြုံထားလင့်ကစား ဆိုလ်းမှာလို ပူအိုက်နေတာမျ်ိုး မဟုတ်ပေ။ တိမ်ကင်းစင်နေသော ကောင်းကင်ပြာကြီး၏ အောက်တွင် အဘွားမီဆန်းတို့ရွာလေးဟာ စောစောစီးစီး အသက်ဝင်လှုပ်ရှားနေကြပြီ။
မနက်စာစားပြီးကတည်းက အဘိုးဒိုယောင်းက သူ့မြေးပေါက်နှစ်ယောက်အား ရွာထဲရှိ အာလူးခင်းဆီသို့ ပို့ထားလေသည်။ ဆိုလ်း၌ ပိတ်ရက်ဆိုလျှင် အိပ်ခန်းထဲက မထွက်ကြသည့် နှစ်ယောက်ဟာ ယခုတော့ဖြင့် စိုက်ခင်းထဲ အာလူးတူးရင်း ချွေးတလုံးလုံး ဖြစ်နေကြလေပြီ။
"ကိုယ်ပစ္စည်းတွေသွားပို့ပြီးရင် ပြန်လာမှာမို့ ဂျီမင်းတို့ အိမ်ပြန်ပြီး ရေမိုးချိုးထားနှင့်နော်"
အာလူးခင်းပိုင်ရှင်ဖြစ်တဲ့ အစ်ကိုမင်ဟာက သူ့ထရက်ကားပေါ် မတတ်ခင် အော်ပြောသွားခဲ့သည်။ အမှန်မှာ မနေ့ညကတည်းက သူတို့နှစ်ဦးအား မြို့ထဲရှိ ငါးရက်စျေးသွားပြီး အဘွားတို့အိမ်အတွက် လိုအပ်တာတွေနှင့် ကုန်စိမ်းတချို့ဝယ်ပေးရန် ပြောထားပြီးဖြစ်သည်။ မနက်ခင်းတစ်ပိုင်းလုံး အာလူးခင်းထဲ အချိန်ကုန်သွားရသည်မို့ ရေမိုးချိုးပြီး နေ့လယ်မှသာ စျေးသို့သွားရပေတော့မည်။
မျက်နှာချင်းဆိုင်၌ မြေကြီးပေါ် ဆောင့်ကြောင့်ထိုင်ချကာ ဆူဆူပုတ်ပုတ်ဖြင့် မြေတူးနေသော ကောင်လေးအား ဂျီမင်း ယခုမှအာရုံစိုက်မိတော့၏။ အာလူးခင်းရောက်ကတည်းက သည်ကလေး ဘာတွေစိတ်မကြည်ဖြစ်နေသည်မှန်း မသိရ။
ထို့အပြင် အာလူးစတူးတုန်းက ဂျောင်ဂုရဲ့ ရှေ့ဆံပင်ရှည်တွေဟာ မျက်လုံးပေါ် ဝဲကျပြီး အနှောက်အယှက်ဖြစ်နေသည်ကြောင့် ဂျီမင်း စည်းနှောင်ပေးထားသော ကြက်တောင်စည်း ဘယ်တစ်ဖက်၊ ညာတစ်ဖက်ဖြင့် ကောင်လေးပုံဟာ ဗလတောင့်တောင့် မူကြိုကျောင်းသားလေး တစ်ယောက်နှယ်။
YOU ARE READING
𝐌𝐢𝐝𝐧𝐢𝐠𝐡𝐭 𝐓𝐞𝐚 𝐇𝐨𝐮𝐬𝐞 || 𝐊𝐨𝐨𝐤𝐦𝐢𝐧
Romanceချစ်ခြင်းမေတ္တာတို့ ခြုံလွှမ်းခွင့်ရသော အကြင်သူ၏ ပန်းချီခန်းလေးသည် သန်းခေါင်ယံညများ၏ လက်ဖက်ရည်ဆိုင်လေးပင်တည်း။ Unicode + Zawgyi Started ~ 4.2.2022 Finished ~ 22.4.2022