နိဂုံး

2.8K 390 13
                                    

Unicode

        ကျွန်တော် ပတ်ဂျီမင်းကို ပထမဆုံးအကြိမ် စတွေ့ခဲ့ဖူးတာက တက္ကသိုလ်နားက ကော်ဖီဆိုင်တစ်ခုမှာပဲ။

သူ့ ချစ်သူလို့ သိလိုက်ရတဲ့ စီနီယာတစ်ယောက်နဲ့ ရယ်ရယ်မောမော စကားတွေပြောရင်း ထိုင်နေခဲ့တာ။ သွားတန်းဖြူဖြူလေးတွေပေါ်တဲ့ အထိ၊ မျက်ဝန်းလေးတွေ မျဥ်းကွေးသဏ္ဍာန် မှိတ်ကျသွားတဲ့ အထိ ရယ်မောနေတာ။ ပါးမို့ရဲရဲလေးကို ကျွန်တော် အဝေးကနေတောင် မြင်လိုက်နိုင်တယ်။

သေချာပေါက်။
ရေခဲများများနဲ့ လီမွန်တီးတစ်ခွက်ကို ကျွန်တော်မှာသောက်ခဲ့တာပါ။ အဲ့ဒီနေ့ကပေါ့။

ချစ်ခြင်းမေတ္တာရဲ့ အစပျိုးခြင်းက ဗင်းဆင့်ရဲ့ ကြယ်စုံညတွေလား၊ ကမ်မိုမိုင်း တစ်ခွက်လားလို့ မေးလာခဲ့ရင် . . ငြင်းပစ်မှာပါ။
ခင်ဗျားတို့ သိရဲ့လား။
နှစ်ခုလုံးမဟုတ်ဘူးဆိုတာ ကျွန်တော်ရဲရဲကြီး အာမခံနိုင်တယ်။

နွေညတွေကို သဘောကျတတ်လာတဲ့အခါ၊
အမှောင်ညတွေမှာ ထွေးဖက်ပေးထားမဲ့ လူတစ်ယောက်ကို တောင့်တလာတဲ့အခါ . .
သတိမထားလိုက်မိချိန်မှာပဲ ကျွန်တော့်ရဲ့ ချစ်ခြင်းမေတ္တာလေးက အမျိုးသားတစ်ဦး ဖြစ်နေခဲ့နှင့်ပြီ။

ရေဆေးထက် ဆီဆေးကို ပိုဆွဲဖြစ်လာတဲ့ ညတွေဟာ နွေလယ်ညတွေပေါ့။ ကြယ်ရောင်စုံတွေကို တမေ့တမော မော့ငေးဖြစ်ခဲ့တာ နွေလယ်ညတွေမှာပါပဲ။

တစ်စုံတစ်ဦးရဲ့ သိီးသန့်အဖျော်ဆရာလေးအဖြစ် ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ခဲ့မိတာလည်း နွေလယ်ညတွေ ဖြစ်နေပြန်တော့တယ်။

အဲ့သည်ညတွေမှာ
ရေးလက်စ ကားမှန်သမျှကို စိတ်ရှည်ရှည်နဲ့ ထိုင်စောင့်ပေးတဲ့ သူတစ်ယောက်ရှိတယ်။
ကမ်မိုမိုင်းလား၊ ချယ်ရီဋ္ဌာပနာလား . . ညအိပ်ပျော်စေဖို့ ကျွန်တော် ရည်ရွယ်သမျှကို ငြိမ်ငြိမ်လေး သောက်သုံးရင်း ကျွန်တော်နဲ့အတူ အရုဏ်တက်ခဲ့တဲ့ သူတစ်ယောက်ရှိတယ်။
ကျွန်တော့်ကို ကူးငယ်လို့ အမြတ်တနိုးခေါ်ပေးတဲ့ သူ တစ်ယောက်ရှိတယ်။

သို့ပေမဲ့ ချစ်ခြင်းမေတ္တာရဲ့ အစက
နွေလယ်ညတွေ မဟုတ်သလို၊ အနှီအမျိုးသားလေး တဖွဖွ ပြောတတ်တဲ့ ကမ်မိုမိုင်းတစ်ခွက်လည်း မဟုတ်ရပြန်ပါ။

𝐌𝐢𝐝𝐧𝐢𝐠𝐡𝐭 𝐓𝐞𝐚 𝐇𝐨𝐮𝐬𝐞 || 𝐊𝐨𝐨𝐤𝐦𝐢𝐧Donde viven las historias. Descúbrelo ahora