အပိုင်း ( ၁၄ )

2.3K 431 53
                                    

Unicode

Peony in love

***

ပျိုနီတွေကို သဘောကျလားလို့  တစ်စုံတစ်ယောက်ကများ မေးခွန်းထုတ်လာခဲ့ရင် အရင်ကသာဆို သူ ချက်ချင်း ခေါင်းခါမိမှာ

မနေ့ညက ဆိုလ်းမှာ သဲကြီးမဲကြီး ရွာချခဲ့သည့် မိုးဟာ သည်နှစ်နွေရာသီ၏ နောက်ဆုံးမိုးဖြစ်လောက်မည်။ နွေအငွေ့အသက်၊ နွေလေပြည်တွေနှင့် နွေရက်တို့ဟာ တစစဖြင့် လွင့်ပြယ်စပြု နှင့်နေလေပြီ။ ခွဲခွာရန်အတွက် နီးကပ်လာသလို ခံစားချက်ဟာ သိပ်ပြီးတော့ နှစ်မြို့ဖွယ်ကောင်းမနေပါ။

မနက်ခင်းရဲ့ နေခြည်နုနုအောက်မှာ မြက်ခင်းပြင်စိုစိုပေါ် ခြေဗလာဖြင့် ချနင်းထားရသော ခံစားချက်အား မည်သည်ဖြင့် လဲလှယ်နိုင်လိမ့်မည်လဲ။

ခြေဖဝါးနုနုနှင့် ရေစက်လေးများ၏ အတွေ့၊ လေနှင့်အတူပါလာခဲ့သော နောက်ဆုံးလက်ကျန် နွေရနံ့။ အရာအားလုံးဟာ အံ့သြဖွယ်ရာ ပြီးပြည့်စုံနေခဲ့ပါ၏။

ဂျီမင်း ၅၈လမ်း အိမ်ကိုရောက်ခဲ့သည့် အချိန်မှစ၍ ယခုအထိ ပထမဆုံးအကြိမ်ဖြစ်လိမ့်မည်။ သူတို့နှစ်ဦးသား နေ့အချိန်မှာ ခြံထဲထွက်ထိုင်ဖြစ်တာလေ။

သူတို့နှစ်ဦးကြားမှာ အဖြူရောင်စားပွဲဝိုင်းလေး တစ်ခုရှိ၏။ အဲ့သည်အပေါ်မှာ ဂျောင်ဂုရဲ့ ပန်းချီပစ္စည်းတွေရယ်၊ သူ့ သင်တန်းနောက်ဆုံး ပရောဂျက်အတွက် စီစဥ်နေရသော စာရွက်စာတန်းတွေရယ်။ ပြီးတော့ လက်လုပ်ဘလူးဘယ်ရီသီးအနှစ်၊ မီးကင်ထားတဲ့ ပေါင်မုန့်အနည်းငယ်။

ခရားအိုးအကြည်ထဲမှာတော့ နှင်းဆီဖူးခြောက်နဲ့ နှပ်ထားတဲ့ လက်ဖက်ရည်။

ဂျောင်ဂုက သူ့ရှေ့မှာ ဘေးတစ်စောင်း ထိုင်နေခဲ့ပြီး ပန်းချီတစ်ကားရေးနေခဲ့သည်။ ကင်းဗက်စ်ပေါ်က ဆီဆေးကားချပ်ဟာ ပြီးလုနီးပါးရှိနေပါပြီ။ ဒါကိုသူ မနေ့ညကတည်းက လက်စသတ်နေတာ။

အပြာရောင်၊ အဝါရောင်နဲ့ အဖြူရောင်တို့ ပေါင်းစပ်ထားသည့် နွေတညအကြောင်းပေါ့၊

𝐌𝐢𝐝𝐧𝐢𝐠𝐡𝐭 𝐓𝐞𝐚 𝐇𝐨𝐮𝐬𝐞 || 𝐊𝐨𝐨𝐤𝐦𝐢𝐧Where stories live. Discover now