အပိုင်း ( ၈ )

2.5K 535 58
                                    

Unicode

Mississippi

***

စနေနေ့ရဲ့ နေ့လယ်ပိုင်းမှာတော့ သူတို့နှစ်ဦးသား ဆိုလ်းမြို့ကနေ ကားလေးတစ်စီးဖြင့် ထွက်လာခဲ့ကြ၏။

ဘယ်သူ့ကားလဲလို့ ဂျီမင်း ကောင်လေးအား မမေးချင်ခဲ့ပါ။ သို့ပေမဲ့ အနှီကားလေးအား ဂျောင်ဂု ကိုယ်တိုင်မောင်းနှင်လာခဲ့ပေသည်။

မနေ့ညက ဂျောင်ဂုနဲ့ စကားတွေအများကြီး ပြောဖြစ်ခဲ့ကြပြီး သူ အိမ်မကြီးဘက် ပြန်မသွားခင်မှာ ဂျောင်ဂုကမေးခဲ့သည်။ အဘိုးရောက်နေတဲ့ ဂန်ဝန်ဒိုဘက်ကို လိုက်လည်မလားတဲ့လေ။ ပိတ်ရက်လည်းဖြစ်ပြီး အဘွားမီဆန်းကလည်း အရင်ကတည်းက တဖွဖွခေါ်နေတာမို့ ဂျီမင်း လွယ်လွယ်နှင့်ပင် ခေါင်းညိတ်ခဲ့ပါသည်။

ဤသို့ဖြင့် ယခုအချိန်တွင် သူတို့နှစ်ဦး မြို့ပြင်သို့ ရောက်နေခဲ့ရတော့၏။

နွေ၏ ကောင်းကင်ပြင်ဟာ ပြာလွင်နေကာ တိမ်မျှင်၊ တိမ်တိုက်တို့သည် ၎င်းအောက်တွင် ပနံသင့်စွာ ရောယှက်ပြေးလွှား နေခဲ့သည်။ တောင်တန်းကြီးများ၏ တစ်ဖက်သို့ရောက်အောင် ကားလေးဟာလည်း ပုံမှန်အတိုင်း တငြိမ့်ငြိမ့်ဖြင့်သာ။

သူတို့ နေ့လယ်၊ နှစ်နာရီကျော်လောက်က ထွက်လာကြသည်ဖြစ်ပြီး ယခု အချိန်မှာ သုံးနာရီထိုးနေလေပြီ။ ဂန်ဝန်ဒိုကိုရောက်ဖို့ နောက်ထပ် တစ်နာရီခွဲလောက် ထပ်မောင်းရပေဦးမည်။ ပြီးခဲ့သည့် ခရီးတစ်လျှောက်လုံးလည်း ဂျောင်ဂုနှင့် သူ မလိုအပ်ဘဲ စကားမပြောဖြစ်ကြ။ ကောင်လေးက ကားကိုအာရုံစိုက် မောင်းနေခဲ့ပြီး သူသည်လည်း ကားမှန်ပြင်သို့သာ ငေးရင်း လိုက်ပါလာခဲ့သည်မို့ ကားထဲရှိ လေထုဟာ စိမ်းသက်သက်ရယ်။

အနှီကလေးနှင့်သူ အရင်ကလို ပေါ့ပေါ့ပါးပါး ပုံမှန်အတိုင်း စကားမပြောနိုင်တော့သည်မှာ ဘာ့ကြောင့်များပါလဲ . . ။ ဂျီမင်း အခုထိအဖြေရှာ မရပါချေ။

"သီချင်းနားထောင်မလား"

ဂန်ဝန်ဒိုဘက်နီးလာတော့မှ ကောင်လေးဆီက အမေးစကားတစ်ခွန်း ထွက်လာတော့၏။

𝐌𝐢𝐝𝐧𝐢𝐠𝐡𝐭 𝐓𝐞𝐚 𝐇𝐨𝐮𝐬𝐞 || 𝐊𝐨𝐨𝐤𝐦𝐢𝐧Hikayelerin yaşadığı yer. Şimdi keşfedin