အပိုင်း ( ၁၀ )

2.6K 491 198
                                    

Unicode

အာလူးစားသူများနဲ့ အပြာရောင်နွေည

***

ညဦးပိုင်းမှာတော့ ဂျီမင်းတို့နှစ်ဦးသား အဘိုးတို့အတွက် ညစာချက်ပေးရင်း အလုပ်ရှုပ်နေရပြီ။ သည်ကြားထဲ စျေးအပြန် ကားပေါ်ကဆင်းရင်း ခြေခေါက်သွားတဲ့ ဂျီမင်းကြောင့် ဂျောင်ဂုကပဲ ဟိိုဟိုသည်သည် ထယူထလုပ် ပေးနေပြီး သူကတော့ ထိုင်ပြီးချက်ရုံသာ။

နောက်ဆုံး၌မူ မြို့ထဲစျေးက ဝယ်ယူလာသည့် သိုးသား လတ်လတ်ဆတ်ဆတ်ဖြင့်စတိတ်၊ ပြီးလျှင် ဂျောင်ဂုတို့ မြေးဘိုးအတွက် ဘေကွန် ခရင်ပါစတာနှင့် ကျန်သည့်သူများကို ရိုစီခရင်မိီ ပါစတာစပ်စပ်လေးများ တစ်ပွဲစီ စီစဥ်ပေးပြီးသွား၏။

"ကလေးတို့ တစ်ခွက်လောက် သောက်ကြမယ်မလား"

အဘွားမီဆန်းက သူဘယ်နနှစ်လောက် ဥထားသည်မသိသော မြွေအခြောက်စိမ် အရက်ပုလင်းကြီး နှစ်ပုလင်းအား ယူချလာသည်။

"အာ . . ဟုတ်"

ဂျောင်ဂုက အဘွားတိုက်သမျှကို ကျေကျေနပ်နပ် ခံယူပေသ်ိ၊ သူကတော့ အထဲက မြွေမြင်ရုံဖြင့် မအီမသာဖြစ်နေပြီ။ အဲ့တာမျိုးကို ဂျယ်ဂျူက အမေတို့တိုက်သည့်အချိန်တိုင်းရသမျှ ပတ်ရှောင်ပြေးခဲ့ရသည်ပင်။

ပါစတာနှင့် စတိတ်တို့အား ရှန်ပိန်တို့ ဝိုင်တို့ မဟုတ်ဘဲ မြွေအရက်နှင့် တွဲစားကြပြီး ဂန်ဝန်ဒို နွေဦးတောင်ကြားလမ်းအိမ်လေးဟာ သည်ကနေ့ ညမှာလည်း နွေးထွေးခဲ့လေပြန်သည်။

"အဆင်ပြေရဲ့လား"

စားနေရင်း ဘေးက ဂျောင်ဂုအား ကပ်တိုးလေးမေးတော့ အနှီကလေးက မျက်လုံးလေးများ မှေးကာဆိုသည်။

"အစ်ကိုက သိပ်ဆိုးတာပဲ"

"ဟင်!"

"ဒါမျိုးကို ဆိုလ်းမှာတစ်ခါမှ မလုပ်ပေးဘူးလေ"

ဂျီမင်းက ရှက်ပြုံးလေးဖြင့် ခေါင်းရမ်းလိုက်မိသည်။

𝐌𝐢𝐝𝐧𝐢𝐠𝐡𝐭 𝐓𝐞𝐚 𝐇𝐨𝐮𝐬𝐞 || 𝐊𝐨𝐨𝐤𝐦𝐢𝐧Onde histórias criam vida. Descubra agora