Unicode
ပင်လုံးကြိုင်တစ်ခွက်ဖြင့် အလွမ်းပြေ
***
နွေရာသီသို့ ဝင်ရောက်လာခဲ့လေပြီ။
သည်နှစ်နွေတွင် ဂျယ်ဂျူဒို ရာသီဥတုမှာ ပင်လယ်မှလာသည့် လေအေးတို့ကြောင့် ပူအိုက်မနေဘဲ အနွေးဓာတ်လေးရနေ၏။ပြီးခဲ့တဲ့ နွေဦးမှာ ဂျောင်ဂုက ဘွဲ့ယူခဲ့ပြီး သူလည်း နိုရာန်ဘာမ််က ပန်းချီဋ္ဌာနမှာ လက်ထောက်ပြတိုက်မှူးဖြစ်သွားခဲ့ပြီ။ ဂျောင်ဂုဆိုတဲ့ စကားနားမထောင်တဲ့ ကလေးပေါက်စက ဂျယ်ဂျူမှာပဲ အခြေချတော့မယ်လို့ တဖွဖွပြောနေတာမို့ သူ့ခင်ဗျာတားနေရင်းကကို အိမ်တစ်လုံးရအောင် ဝယ်သွားခဲ့သေးသည်။
အဲ့သည်နောက်ပိုင်း ဂျယ်ဂျူနဲ့ဆိုလ်းကို အိမ်ဦးနဲ့ ကြမ်းပြင်လို ခေါက်တုံ့ခေါက်ပြန် သွားချည်လာချည် လုပ်နေတဲ့ ကောင်လေးကို သူ မတားရက်တော့ပေ။ ဒီအရပ်မှာ အခြေမချရင်ပြီးရောမလားဆိုပြီး ဆရာသမားလေးက ပြန်ပြန်ပတ်တတ်လွန်း၏။
သည်ညနေလေယာဥ်ဖြင့် ဂျောင်ဂု ဂျယ်ဂျူဒိုကိုရောက်လာလိမ့်မည်။ နိုရာန်ဘာမ်က ပြပွဲကိစ္စတွေကြောင့် ဂျီမင်း မအားလပ်သည်မို့ လေဆိပ်လာမကြိုသည်ကို မနက်ကတည်းက အနှီကလေးဟာ ဖုန်းထဲကနေ စိတ်ကောက်လေသည်။
မတိုင်မီကလည်း ဂျောင်ဂုနဲ့သူ ပြဿနာအကြီးအကျယ် တတ်ထားကြသေး၏။ ၎င်းကိစ္စအကြောင်းပြန်တွေးမိတိုင်း ဂျီမင်း ခန္ဓာကိုယ်တစ်ခုလုံး ပူထူလာပြီး ဂျောင်ဂုအား အမှုတ်ကြိတ်ပစ်လိုက်ချင်သည်။
"ကိုကို"
ဖုန်းထဲမှ ကောင်လေးအသံဟာ အနည်းငယ် ချွဲပစ်ပစ်ရယ်။
"ရောက်နေပြီလား"
"အွန်း . . ဦးလေးလာကြိုတယ်၊ ပတ်ဂျီမင်းရှိ ဘယ်တော့ပြန်လာမှာလဲ"
ထိုစကားကြောင့် Computer Screenပေါ်က ဂျီမင်း မျက်လုံးလေးများဟာ လက်ပတ်နာရီပေါ်သို့ ခဏတာ ဝေ့ဝဲသွားသည်။
"ခါတိုင်း ရုံးဆင်းချိန်ပေါ့၊ မင်းအိမ်ကို မပြန်ဘူးလား တိုင်ဖွန်းလာမယ်လို့ ကြားထားတယ်နော်"
CZYTASZ
𝐌𝐢𝐝𝐧𝐢𝐠𝐡𝐭 𝐓𝐞𝐚 𝐇𝐨𝐮𝐬𝐞 || 𝐊𝐨𝐨𝐤𝐦𝐢𝐧
Romansချစ်ခြင်းမေတ္တာတို့ ခြုံလွှမ်းခွင့်ရသော အကြင်သူ၏ ပန်းချီခန်းလေးသည် သန်းခေါင်ယံညများ၏ လက်ဖက်ရည်ဆိုင်လေးပင်တည်း။ Unicode + Zawgyi Started ~ 4.2.2022 Finished ~ 22.4.2022