နိဒါန်း

9.1K 770 84
                                    

Unicode

"လီမွန်လက်ဖက်ရည်အေး"

***

ကျွန်တော် ပတ်ဂျီမင်းကို ပထမဆုံးအကြိမ် စတွေ့ခဲ့ဖူးတာက တက္ကသိုလ်နားက ကော်ဖီဆိုင်တစ်ခုမှာပဲ။

ကော်ဖီဆိုင်ဆို တော်ရုံသွားလေ့မရှိပေမဲ့ အဲ့ဒီနေ့က အစ်ကိုဟိုဆော့ တအားတွေ ပူဆာနေတာမို့ လိုက်သွားခဲ့တာ။ ရာသီဥတုက အရမ်းပူအိုက်နေတာတော့ မှတ်မိတယ် . . ဒါပေမဲ့ ကျွန်တော့်မှာ ကော်ဖီအေးလေးတစ်ခွက် သောက်ဖို့တောင်မှ ဆန္ဒရှိမနေခဲ့ဘူး။

အဲ့တာကြောင့် ရေခဲများများနဲ့ လီမွန်တီးတစ်ခွက်မှာလိုက်တယ်။

ကျွန်တော့်ရဲ့လီမွန်တီးလေးအတွက် စောင့်ဆိုင်းနေတုန်း မျက်နှာချင်းဆိုင်က ခုံမှာထိုင်နေတဲ့ အစ်ကိုဟိုဆော့က အကြောင်းအရာတစ်ခုကို ခပ်တိုးတိုးလေး စပြောလာတယ်။

"ဂျောင်ဂု မင်းရဲ့မျက်နှာချင်းဆိုင်ကနေ ညာဘက်ထောင့်ဆုံးဝိုင်းကို ကြည့်လိုက်"တဲ့လေ။ အဲ့တာကြောင့်ပဲ ကျွန်တော် အစ်ကိုဟိုဆော့ရဲ့ ပုခုံးကိုကျော်ပြီး လှမ်းကြည့်လိုက်တယ်။

မှန်ပြတင်းကာထားတဲ့ ဆိုင်ရဲ့ထောင့်ဆုံးနေရာမှာ ကျွန်တော်နဲ့ အစ်ကိုဟ်ိုဆော့တို့လိုပဲ အမျိုးသားနှစ်ယောက် မျက်နှာချင်းဆိုင် ထိုင်နေခဲ့တယ်။ နောက်ကျောပေးထားတဲ့ အမျိုးသားက ဘယ်သူမှန်း မမြင်ရပေမဲ့ ရှေ့ကတစ်ယောက်ကိုတော့ ကျွန်တော် ရှင်းရှင်းလင်းလင်း မြင်နေရတယ်။

ကျွန်တော့်ဘဝမှာ ပထမဆုံးတွေ့ဖူးတဲ့ မျက်နှာလို့ ချက်ချင်းသတ်မှတ်လိုက်မိတာပါပဲ။ အဲ့ဒီအမျိုးသားက ဘယ်သူမှန်း ကျွန်တော် မသိဘူးလေ။

အစ်ကိုဟိုဆော့က ဆက်ပြောတယ်။

"အဲ့တာ စီနီယာထယ်ဂျင်းတို့အတွဲလေ"

တိုးဖွဖွနဲ့ ပေါ့ပေါ့ပါးပါးလေးပဲ ဆိုလိုက်သော်ငြား ကျွန်တော့် နားထဲ "အတွဲ"ဆိုတဲ့ စကားလုံးကြီးက အတောင့်လိုက်ကြီး တိုးဝင်သွားတော့တယ်ဗျာ။ တစ်ဆက်တည်းမှာပဲ ကျွန်တော့် မျက်လုံးတွေက အထူးအဆန်းတစ်ခုကို မြင်သွားသလို အဲ့ဒိအမျိုးသားနှစ်ယောက်ဆီက ခွာမရတော့ဘူး။

𝐌𝐢𝐝𝐧𝐢𝐠𝐡𝐭 𝐓𝐞𝐚 𝐇𝐨𝐮𝐬𝐞 || 𝐊𝐨𝐨𝐤𝐦𝐢𝐧Hikayelerin yaşadığı yer. Şimdi keşfedin