အပိုင်း ( ၂၁ )

3.4K 440 132
                                    

Unicode

Midnight Tea House

***

နွေလယ်ညများ၌ စတင်ခဲ့၏။
သို့ပေသိ နွေဥိီး၊ နွေ၊ ဆောင်းဦး၊ ဆောင်း
ရာသီအလီလီတိုင် ချစ်ရသော ကြယ်စုံညများ ရောက်လာပေဦးမည်။
အကြင်သူ၏ လက်ဖက်ရည်ဆိုင်လေးသည်လည်း သူ တစ်ဦးတည်းအတွက် ဆက်လက်၍ လည်ပတ်နေဦးတော့မည်။
_

နွေဦးဝင်လာပြီမို့ ဆိုလ်းမြို့ရှိ ရာသီဥတုက မသိမသာလေး နွေးလာခဲ့ပြီ။ ဂျယ်ဂျူမှာတော့ ဒီလိုအချိန်ဆို အအေးဓာတ်ကဲနေတုန်းပင်။

ခပ်ဟဟ ဖွင့်ထားသည့် ပြတင်းကြားမှ နွေဦး၏ မနက်ခင်း လေနုအေးက တစွန်းတစ တိုးဝင်လာသည့်အခါ ဂျီမင်း မျက်ဝန်းများအား ဖွင့်လိုက်မိ၏။ သူ့ ဂုတ်ပိုးသားပေါ် စည်းချက်မှန်မှန် ကျရောက်နေသော ဝင်လေထွက်လေ နွေးနွေးရဲ့ အထိအတွေ့ကပါ သူ့တစ်ကိုယ်လုံးရှိ သွေးကြောမျှင်လေးများကအစ နိုးနိုးကြားကြား ဖြစ်သွားစေသည်။

ဂျီမင်း ခန္ဓာကိုယ်ကို အနည်းငယ်ရုန်းလိုက်တဲ့အခါ ခါးပေါ်မှ လက်တစ်ဖက်က ပို၍ တင်းကြပ်သွားသည်။ သူ မကျေမနပ်ဖြစ်သွားပြီး အနှီလက်အား ခပ်ဆတ်ဆတ်လေး တစ်ချက် ရိုက်ပစ်လိုက်၏။

"နိုးနေရက်သားနဲ့"

သူ့စကားအား ဘာမှပြန်ပြောမလာဘဲ ကောင်လေးက သူ့ဂုတ်ပိုးဆီ နှာခေါင်လေးနှစ်ရင်း တရှုံ့ရှုံ့ နမ်းရှိုက်လာသည်။

"ဒီတစ်ညထပ်နေသွားလို့ မရဘူးလား"

နိုးခါစ ယောက်ျားသားလေးရဲ့ အသံဟာ ရီဝေဝေဖြင့် နှစ်လိုဖွယ်ရာ ညှို့အားပြင်းနေတော့သည်။

"မရဘူး!!"

"ပတ်ဂျီမင်းရှိက သိပ်ဆိုးတာပါပဲ"

ရွှတ်နှောက်နှောက်လုပ်နေသည်ကြောင့် ဂျီမင်း ခန္ဓာကိုယ်ကို ကောင်လေးဘက် အနည်းငယ်စောင်းလှည့်လိုက်ပြီး ဂုတ်ပိုးပေါ် နှစ်ဝင်နေသော မျက်နှာကြီးအား တွန်းထုတ်ပစ်လိုက်၏။ ထိုအခါ အနှီကလေးက ခပ်ဟဟလေး ရယ်မောလာပြီး မျက်နှာအား ခွာသွားခဲ့သည်။

"ဒီညနေမပြန်ရင် ကိုယ်ဘယ်အချိန် စင်တာကို ထသွားရမလဲ"

"ဝေလီဝေလင်းလောက် လေယာဥ်ချိန်ရှိတာပဲ နည်းနည်းနောက်ကျပြီးမှသွားပေါ့!
အစ်ကို့တို့ နိုရာန်ဘာမ်က အဲ့လောက်တောင် နားလည်မပေးဘူးလား"

𝐌𝐢𝐝𝐧𝐢𝐠𝐡𝐭 𝐓𝐞𝐚 𝐇𝐨𝐮𝐬𝐞 || 𝐊𝐨𝐨𝐤𝐦𝐢𝐧Donde viven las historias. Descúbrelo ahora