အပိုင်း ( ၄ )

2.8K 541 83
                                    

Unicode

Mint Tea

***

ကူးငယ် . .
တကယ်ကြီး ပူစီနံလက်ဖက်ရည်လား ?!

ဂျီမင်း မိုရာန်အနုပညာစင်တာ၌ သင်တန်းတတ်ရောက်နေသည်မှာ နှစ်ပတ်မြောက်ရှိလာပြီဖြစ်ကာ၊ ထိုနေ့က ပြတ်ိုက်၌ နွေရာသီနှင့်ဆိုင်သော ပန်းချီပြပွဲတစ်ခု စတင်ပြသရာ နေ့လည်း ဖြစ်ပေသည်။

ညနေ လေးနာရီအမီပြီးမည့် အတန်းဖြစ်သည်ကြောင့် ဂျောင်ဂုရှိနေမည့် ပြခန်း၌ သူတို့နှစ်ဦး စုံကြရန် ချိန်းဆိုထားခဲ့သည်။

ဂျီမင်း စာသင်ရသည့် သင်တန်းများဋ္ဌာနနှင့် ပြတိုက်နေရာသည် အနည်းငယ်တော့ အလှမ်းဝေး၏။ ခြေလျင် ဆယ့်ငါးမိနစ်လောက် လျှောက်လာရပြီးမှ မိုရာလ်၏ ပင်မအနုပညာစင်တာကြီးဆီသို့ ရောက်လေသည်။

ပြီးနောက် စင်တာ၏ ခြောက်ထပ်မြောက်သို့ ဓာတ်လှေကားဖြင့် တတ်လာရသည်။ ထိုနေရာသည် နွေရာသီပန်းချီကားများ ပြသရာ ပြခန်းနေရာပင်။

သူ ရောက်သည့်အချိန်မှာ လေးနာရီခွဲစွန်းစွန်းပင်။ ပြခန်းအတွင်း လူတော့ အနည်းငယ် ကျဲသွားခဲ့လေပြီ။

"အစ်ကို!"

ပြခန်းမအတွင်းသို့ ဝင်ဝင်ချင်းမှာပင် လူငယ်တစ်စုနှင့် စကားပြောနေဟန်ရှိသည့် ကောင်လေးက ဂျီမင်းအား ချက်ချင်းမြင်သွားခဲ့သည်။ လက်လှမ်းပြကာ သူ့ဆီပြေးလာသော ကောင်လေးအား ဂျီမင်း ပြုံးပြလိုက်ပါသည်။

"အစ်ကို့ကို စောင့်နေတာ"

"ဆောတီး . . ကိုယ် နည်းနည်း နောက်ကျသွားတယ်"

ကောင်လေးက တောင်းပန်စရာမလိုဘူး ဟူသည့် အဓိပ္ပာယ်ဖြင့် ပြုံးစစလေး ခေါင်းခါပြသည်။

"လူသိပ်မရှိတော့ဘူးဆိုတော့ ပန်းချီကားတွေ အေးဆေးကြည့်လို့ရပြီ, ပြီးတော့ အစ်ကို့ကို ပြချင်တာလေးတွေရှိတယ်"

စိတ်လှုပ်ရှားနေဟန်ရှိသော ကောင်လေးရဲ့ မျက်လုံးဝိုင်းလေးများဟာ သူ့အား စကားပြောနေရင်းမှ တဖျတ်ဖျတ်လက်နေတော့သည်။

𝐌𝐢𝐝𝐧𝐢𝐠𝐡𝐭 𝐓𝐞𝐚 𝐇𝐨𝐮𝐬𝐞 || 𝐊𝐨𝐨𝐤𝐦𝐢𝐧Kde žijí příběhy. Začni objevovat