အပိုင်း ( ၅ )

2.8K 519 66
                                    

Unicode

နွေလယ်ရဲ့ မိုးနံ့သင်းတဲ့တစ်နေ့

***

သူ အနှီပန်းချီကား ရှေ့မှာ ရပ်နေခဲ့တာ ​လေး၊ငါးမိနစ်လောက်တော့ ရှိနေခဲ့ပြီ။

အပြာရောင်၊ အဖြူရောင် ပြီးတော့ အနက်နဲ့ မီးခိုးရောင်ရင့်ရင့်တို့ . . ။ ကားချပ်ထဲက မီးခိုးရောင်ဖြင့် ရေးဆွဲထားသည့် မထင်မရှားလူနှစ်ဦးက အမျိုးသမီးတွေဖြစ်ပုံရသည်။ သူတို့ရဲ့ ဖြောင့်ဆင်းနေတဲ့ ဆံနွယ်ရှည်တွေကြောင့် သူ တစ်ဖက်သတ် သတ်မှတ်လိုက်ခြင်းရယ်သာ။

တစ်ဦးနှင့် တစ်ဦး ရင်းရင်းနှီးနှီး ပွေ့ဖက်ထားသည့် သဏ္ဍာန်ဖြင့် အမျိုးသမီးနှစ်ဦးအား အနက်ရောင်ဆူးတို့ပါသည့် နွယ်တချို့ရစ်ခွေနေသည်။ နောက်ခံက အပြာရောင်ရင့်ရင့်။

အမျိုးသမီးနှစ်ဦးရဲ့ မျက်နှာအစိတ်အပိုင်းများကို အသေးစိတ် မရေးထားသည့်တိုင် သူတို့ မျက်နှာအမူအရာတွေဟာ ဝမ်းနည်း​ပူဆွေးနေကြကြောင်း အလိုလိုခံစားမိနေ၏။

မခွဲနိုင် မခွာရက် ဖက်တွယ်ထားသည့်ပုံနှင့် ကြည့်ရင်းမှ ပို၍ပြည့်သိပ်တတ်လာသယောင်ရှိသည့် နွယ်ဆူးကြိုးတို့မှာ မွန်းကြပ်စရာ သိပ်ကောင်းလွန်းသည်။

"ဘယ်လိုမြင်လဲ"

အဲ့သည်အချိန် သူ့ဘေးနားသို့ လာရပ်သည့် လူငယ်တစ်ဦး၏ အသံဟာ ဂျီမင်းအား အသိစိတ်ပြန်ဝင်လာစေသည်။ တခြား မည်သူ ရှိဦးတော့မည်လဲ။ ဂျောင်ဂု အသံဟာ အမြဲတစေ နူးညံ့နွေးထွေးနေဆဲပါပင်။

"ဒီပန်းချီကားက နွေရာသီနဲ့ဆိုင်လိမ့်မယ်လို့ မင်းထင်လား"

သူတို့နှစ်ဦး မနေ့ညက ဘာမှ မဖြစ်ခဲ့သလို နေဖို့ဆိုတာ မဖြစ်နိုင်ပါ။ သို့သော် ပြခန်းအတွင်း၌တွင်တော့ သည်အကြောင်းအရာများအား ခေတ္တဆိုင်းငံ့ထားရပေမည်။

ဂျောင်ဂုက ခပ်ပြုံးပြုံးပင် ပြန်ဖြေသည်။

"ဘာဖြစ်လို့ နွေနဲ့မဆိုင်ရမှာလဲ"

𝐌𝐢𝐝𝐧𝐢𝐠𝐡𝐭 𝐓𝐞𝐚 𝐇𝐨𝐮𝐬𝐞 || 𝐊𝐨𝐨𝐤𝐦𝐢𝐧Onde histórias criam vida. Descubra agora