အပိုင်း ( ၁၁ )

2.4K 485 77
                                    

Unicode

Stairway to Heaven

***

ပိတ်ရက်နှစ်ရက်လုံး နေလိုက်ရသည်ကြောင့် ဂျောင်ဂုရော၊ သူပါ ဆိုလ်းသို့ မနက်စောစော အချိန်မီပြန်ရောက်ဖို့ လိုလာသည်။ သို့ပေသောကြောင့် အရုဏ်ဦးချိန်မတိုင်ခင် ဂန်ဝန်ဒိုက ထွက်လာခဲ့ကြရ၏။

"အစ်ကို စောစောက ကောင်းကောင်းမအိပ်ခဲ့ရဘူးမလား"

နွေဦးတောင်ကြားလမ်းက ထွက်လာတော့ ညမှောင်ကြီးမဲကြီးထဲ ဂျောင်ဂုက ကားကို ဂရုတစိုက်မောင်းနေရင်းမှ သူ့ကိုပါ စိတ်ပူပေးရှာသည်။

အဲ့လိုပြောနေတဲ့ ကောင်လေး ကိုယ်တိုင်ကရော အိပ်ဖို့ အခန်းထဲတောင် တစ်ညလုံး ဝင်မလာဘဲ အပြင်မှာ ဘာလုပ်နေခဲ့သည်လဲ . .။

ဂျီမင်း လေးပင်စွာ ကားမှန်ကိုမှီရင်း ဂျောင်ဂု စကားအား ခေါင်းညိတ်ပြလိုက်မိရဲ့လားတောင် မသေချာပါချေ။

ဂျောင်ဂုက သက်ပြင်းဖွဖွချ၏။

"ညကကိစ္စကို ကျွန်တော်တို့ ဆိုလ်းရောက်မှ အေးဆေးပြောကြမယ်နော်, အခုတော့ အစ်ကိုအနားယူပါအုံး ပင်ပန်းနေလိမ့်မယ်"

ထိုသို့ဆိုရင်း ကောင်လေးဟာ ကားနောက်ခန်းက ယူထားပြီးသော ပုဝါအပါးလေးကို ခြုံပေးလာသည်။ ဟုတ်ပါရဲ့ . . လေအေးပေးစက်က အလာတုန်းကထက်တောင် အေးစိမ့်နေတာပဲ။ ဂျီမင်း ခန္ဓာကိုယ်ကို လိုအပ်သည်ထက် ပို၍ကျုံ့ထားမိလိုက်ပါသည်။

သူ မျက်လုံးတွေကို မှိတ်ကာထားသော်လည်း သူကိုယ်တိုင်က သေချာပေါက်ကိုသိ၏။ သူ့စိတ်ဟာ နွမ်းနယ်စွာ ရှုပ်ထွေးလျက်ရှိသည်။ သူ အိပ်ပျော်မည်မဟုတ်ပါ။

သို့ကြောင့် မှီထားသော မှန်ပြတင်းမှ ညကောင်းကင်ပြင်ကြီးအား မျက်လုံးလေးများ မှေးစင်းကာ ကြည့်လိုက်သည်။

ကြယ်လေးတွေ ရှိနေတုန်းပဲ !! . . ပြောရရင် ညကထက်တောင် ပိုပြီးစုံနေသေးတယ်။

ဒါဆို သူတို့ကားလေးက ကြယ်ကလေးတွေ သွားတဲ့နောက် ပြေးလိုက်နေတာပေါ့။ ဂျီမင်း ရူးမိုက်စွာ ပြုံးလိုက်မိပါရဲ့။

𝐌𝐢𝐝𝐧𝐢𝐠𝐡𝐭 𝐓𝐞𝐚 𝐇𝐨𝐮𝐬𝐞 || 𝐊𝐨𝐨𝐤𝐦𝐢𝐧Tahanan ng mga kuwento. Tumuklas ngayon