အပိုင်း ( ၁၇ )

2.2K 410 76
                                    

Unicode

not spring, yellow and canola field

***


မင်လေးရယ်   တကယ်လို့များ
ကာနိုလာတွေ  ညှိုးခြောက်သွားခဲ့ရင်
အဝါရောင်ဆိုတာကိုတောင်
ငါ မှတ်မိနိုင်ပါဦးတော့မလား . .

နမ်ချယ်ယောင်း
1.9.1962
_

စက်တင်ဘာကုန်ခါနီး အချိန်ဖြစ်လင့်ကစား ပင်လယ်ပြင်တွင် မုန်တိုင်းအသေးစားတစ်ခု ဝင်နေခဲ့သည့် အရှိန်ကြောင့် ဂျယ်ဂျူဒိုရှိရာသီဥတုဟာ ပြာရီအုံ့မှိုင်းနေတော့သည်။

အလုပ်ခန်း၏ မှန်ပြတင်းမှ အ​ပြင်သို့ လှမ်းမျှော်ကြည့်သော် မီးခိုးရောင်တိမ်တိုက်ထုနှင့် ညှို့မှောင်သော ကောင်းကင်ကိုသာ မြင်နေရသည်။

မကြာမီ နေ့လယ်စာစားချိန်သို့ ရောက်တော့မည်။ ဂျီမင်းမှာ လက်ပတ်နာရီအား ခဏခဏကြည့်ကာ တင်,တကြွကြွဖြစ်နေလေသည်။

"ဂျီမင်းလေး ရည်းစားနဲ့ချိန်းထားလို့လား"

မျက်နှာချင်းဆိုင် စားပွဲက လုပ်ဖော်ကိုင်ဖက် အမချယ်လီ၏ စကားကြောင့် ဂျီမင်း မျက်လုံးလေးများတောင် ဝိုင်းစက်သွားရသည်။ ပြီးမှ အလျင်စလိုဖြင့် လက်တခါခါ ငြင်းရတော့သည်။

"အာ . . အမကလည်း ဗျာ
မဟုတ်တာတွေ"

"ညနေပိုင်း ခွင့်လည်းတင်ထားသေးတယ် အခုလည်း ဂဏာမငြိမ်ဖြစ်နေတယ်ဆိုတော့ ငါတို့ကလေး ချစ်သူရနေတာ သေချာပါပြီ"

အမချယ်လီစကားကြောင့် ဂျီမင်း ပါးပြင်လေး နွေးသွားရ၏။ ချစ်သူရည်းစားနှင့် တွေ့ရမည်ဆိုလျှင်တောင် သူ ဤမျှ စိတ်လှုပ်ရှားနေမိမည် မဟုတ်ပါ။

ဤသို့ဖြင့် နေ့လယ်စာစားချိန်တွင်တော့ ဋ္ဌာနရှိ လုပ်ဖော်ကိုင်ဖက်များနှင့် လမ်းခွဲကာ ဂျီမင်း နိုရာန်ဘာမ်စင်တာ၏ အရှေ့ဘက် မျက်နှာစာသို့ အမြန်ထွက်ခဲ့လိုက်သည်။

𝐌𝐢𝐝𝐧𝐢𝐠𝐡𝐭 𝐓𝐞𝐚 𝐇𝐨𝐮𝐬𝐞 || 𝐊𝐨𝐨𝐤𝐦𝐢𝐧Where stories live. Discover now