အပိုင်း ( ၁ )

4.8K 700 57
                                    

Unicode

နွေလယ်ည၊
စံပယ်ပန်းလက်ဖက်ရည်တစ်ခွက်

***

ကူးငယ် ကျွန်တော့်ကို ပထမဦးဆုံး
ဖျော်တိုက်ခဲ့တဲ့ လက်ဖက်ရည်က . . . .

နွေရာသီ၏ ညဥ့်ဦးယံတစ်ခုဖြစ်၏။

သူ့ ရှေ့မှာ အဖြူရောင်ဆေးသား ခြယ်သထားသည့် ခြံတံခါးတစ်ချပ်ရှိနေပြီး ၎င်း၏ အပေါ်တန်းတွင် ခရမ်းရောင်အပွင့်ရှ်ိသည့် နွယ်ပန်းတို့က တွဲလွဲကျနေသည်။ အနှီတံခါးဘေးမှာ စာတိုက်ပုံးနီနီတစ်လုံးကို တွေ့ရကာ၊ ၎င်းနှင့် မနီးမဝေးနေရာတွင်တော့ အိမ်နံပါတ်ရေးထားသည့် နက်ပြာရောင် ဆိုင်းဘုတ်အသေးလေးရှိ၏။

ဟက်ဒို ၅၈လမ်း၊ အိမ်နံပါတ် ( ၁၃ ),

လမ်းတစ်ဖက်က မာကျူရီမီးတိုင်ကြောင့် အိမ်လိပ်စာအား သူ ရှင်းရှင်းလင်းလင်းမြင်နေရသည်။ ပေးထားသည့် လိပ်စာထဲကအတိုင်း မှန်မမှန် သေချာပြန်တိုက်ကြည့်ပြီးနောက်မှာတော့ ယင်းဆိုင်းဘုတ် ဘေးနံရံက လူခေါ်ဘဲလ်လေးအား သူ မဝံ့မရဲဖြင့် နှိပ်ချလိုက်တော့သည်။

တစ်ချက်၊ နည်းနည်းကြာတော့
နောက်တစ်ချက်. . နှစ်ချက်မြောက်နှိပ်ပြီးတဲ့အခါမှာ တစ်ဖက်ကနေ ခြံတံခါးအား အပြေးလေး လာဖွင့်သံကို သူ ကြားလိုက်သည်။

အဖြူရောင်ခြံတံခါးလေး ပွင့်သွားပြီးတဲ့နောက် သူမြင်လိုက်ရသည်မှာက အသက်ငယ်ငယ် အမျိုးသားတစ်ဦး။

အမှောင်ရိပ်ကျနေပေသိ ထိုလူက သူ့ကို မြင်မြင်ချင်းမှာပင် တစ်စုံတစ်ရာအား အတော်လေး အံ့သြသွားသယောင်ဖြင့် မျက်လုံးဝိုင်းလေးများနှင့် ငေးစိုက်ကြည့်လာသည်။

"ကိုယ်က ပတ်ဂျီမင်းပါ၊
ဂျယ်ဂျူကနေ ဒီနေ့ညရောက်မယ်လို့ ဖုန်းကြိုဆက်ထားပါတယ်"

သူ စတင်မိတ်ဆက်လိုက်တော့ ထိုလူက မျက်ခုံးလေးများပင့်ကာဖြင့် ပြန်ပြောလာသည်။

"အာ . . မနက်ကတော့ အဘိုးမှာထားခဲ့တယ် ဝင်လာလေ!!"

ဝင်လာလေဟုဆိုနေသည့်တိုင် ထိုလူက တံခါးဝကို သူ့ကိုယ်ကြီးဖြင့် ကွယ်ထားသေး၏။

𝐌𝐢𝐝𝐧𝐢𝐠𝐡𝐭 𝐓𝐞𝐚 𝐇𝐨𝐮𝐬𝐞 || 𝐊𝐨𝐨𝐤𝐦𝐢𝐧Donde viven las historias. Descúbrelo ahora