#Un
"သားရေ ရောက်ပြီး ထတော့ "
"ဟု ပါပါး"
သားရဲ့ ဆံပင်မေကာက်တကောက်အရှည်လေးတွေကို သပ်ပေးရင် သားကို ပွေ့ချီလိုက်သည်။
ထယ်တို့လည်း လေယာဉ်ပေါ်က ဆင်းလာပြီး သားကို ဗေးရ်ကို ချီခိုင်းပြီး Luggage တွေသွားယူဖို့ ထွက်လာလိုက်သည်။
"မားမား တိုးယီးယာ ရောက်တီလား "
"ဟုတ်ပါတယ်ရှင့် သားပင်ပန်းနေရင် မားမားပေါ်မှာ အိပ်နေနော် အိမ်ရောက်ရင် မားမားနိူးမယ်"
"ဟုမားမား အက်ဆို တားအိပ်ဦးမယ်"
"အွန်း သားလေး"
ဗေးရ် သားရဲ့ ကျောလေးကို အသာပုတ်ပေးရင် ထယ့်ကို စောင့်နေလိုက်သည်။
မကြာဘူး Luggageအိတ်တချို့နဲ့ ထယ်ကပြန်ရောက်လာသည်။
"သား အိပ်နေတာလား ဗေးရ်"
"အွန်း ဟုတ်တယ် လေယာဉ်စီးလာတာ ပင်ပန်းနေတယ်ထင်တယ်"
"အွန်း ဟုတ်လောက်မယ် ကိုယ်တို့လည်း သွားရအောင်လေ"
ထယ်ယောင်း သားနဲ့ ဗေးရ်ရယ် အတူ
လေယာဉ်ကွင်းကနေ ထွက်လာပြီး ကိုးရီးယားမှာ ငှားထားတဲ့ အိမ်ဆီကို အငှားယဉ်နဲ့အတူမောင်းထွက်လာလိုက်သည်။ထိုမြင်ကွင်းကို အံ့ဩစွာ ကြည့်နေတဲ့ လူတစ်ယောက်ကိုတော့ ထယ်တို့ မမြင်လိုက်ပါ။
>>>>>
အတိတ်ဆိုးတွေ ရှိတဲ့ နယ်မြေကို ပြန်ခြေချရတော့ ထယ့်စိတ်ထဲ နည်းနည်းေတာ့ လေးနေသည်။
အချိန်တွေလည်း ကြာပြီးမို့ သူအရင်လို မဟုတ်တော့ပါ သူဟာ သားအတွက်ရှင်သန်မည် ဖခင်ကောင်းတစ်ယောက်ဖြစ်အောင်သူကြိုးစားသည်။
သားက သူ့အတွက် ဘဝတစ်ခုဖြစ်သည်။
အရာအားလုံးကို လွှတ်ချပြီး သူအနားယူတော့မယ်လို့ ထင်ခဲ့သည်နဲ့ ခြားစွာ သူရှင်သန်ဖို့ အကြောင်းပြချက်နဲ့ ရောက်လာခဲ့တဲ့ သားက သူ့ရဲ့ ရှင်သန်ရာလေးဖြစ်သည်။
သားကို သူ့အသက်ထပ်ပိုချစ်ပါသည်။
ဗေးရ်လည်း ကားပေါ်မှာ မျက်နှာမကောင်းတဲ့ ထယ်ကို ကြည့်ပြီး လွန်ခဲ့တဲ့ ခြောက်နှစ်က အခြေအနေလေးကို သတိရမိသွားသည်။
YOU ARE READING
1 Million [ 1 မီလီလျံ ] {Complete}
ActionJk - Possessive type #Warning Cv_ Pinterest