Ep- [8]

33.2K 1.8K 121
                                    

မြေအောက်ရဲ့ နေရာတစ်ခု
မှောင်မိုက်တဲ့ ထိုအခန်းထဲမှာ မီးရောင် ဖျော့ဖျော့သာ ရှိသည်။

သံကြိုးတွေနဲ့ ချည်ခံထားရတဲ့ လူတစ်ယောက် ထိုလူရဲ့ မျက်နှာတစ်ခုလုံး ဒဏ်ရာဒဏ်ချက်များနဲ့သာ။

ထို‌လူအရှေ့ သွေးအေးစွာ ထိုင်နေတဲ့လူက ဆေးလိပ်တစ်လိပ်ကို ဟန်ပါပါသောက်နေသည်မှာ အလွန်ပင် ကြည့်‌၍ ကောင်းနေသည်။

အနက်ရောင် ကုတ်ကို ဝတ်ဆင်ပြီး ကော်ဖီရောင်ဆံပင်တွေက သေသပ်စွာစည်းထားသည်။ မေးရိုးထင်းထင်းနဲ့ ပိရိတဲ့ နှုတ်ခမ်းက ဆေးလိပ်ရဲ့ တန်းခိုးကြောင့် အနည်းငယ်ပြာချင်သည်။

အဲ့လူကတော့ မြေအောက်လောကရဲ့ မည်သူမှ မထိရဲတဲ့ ' Evil beasts ' ( မကောင်းဆိုးဝါးသားရဲ) ဂိုဏ်းရဲ့ အရှင်သခင် 'King' ပင်ဖြစ်သည်။

" ခုထိမပြောသေးဘူးလား ဗင်း "

"မပြောသေးဘူး Boss "

"အဟွန်း တော်တော်သစ္စာရှိတဲ့ ခွေးဘဲ "

တစ်လုံးဆိုဖာပေါ်ကနေ ထပြီး ဆေးလိပ်ကို ပြာခွက်ထဲ ထိုးစိုက်ခါ စာပွဲပေါ်က ရွှေရောင် သေနတ်ကို ယူလိုက်ပြီး အရှေ့က ဒဏ်ရာဒဏ်ချက်တွေနဲ့ လူအနားကို တစ်လှမ်းချင်  သွားခါ ။

ရသေနတ်မောင်းကို ဆွဲပြီး အေးစက်စက်အသံနှင့်

" ငါ့ ပစ္စည်းတွေ ဘယ်နေရာယူသွားတာလဲ"

သေနက်နဲ့ မေးကို 'မ'တင်ရင်မေးလိုက်၏။

"မသိဘူး သိလည်း မပြောဘူး "

"အိုဟို...........!! သေချာလား !?"

"သေချာတယ် သတ်ပြစ်မယ်ဆိုလည်း သတ်ပြစ်လိုက်"

"အေးဆေးပေါ့ ခွေးလေးရယ်....ဗင်း vdလေးတစ်ခု ပြလိုက်ပါအုံး "

Loptopတစ်လုံးကို စားပွဲပေါ်ကို တင်ပြီး မှန်ပြင်ကို ထိုလူရှေ့ဘက်ကို ပြခါ Loptop ဖွင့်လိုက်တော့

" ဖေဖေ "

သေနက်တွေနဲ့ ချိန်းထားခြင်းကို ခံနေရတဲ့ 4နှစ်သမီးအရွယ်လေးမှာ ပါးဖောင်းဖောင်းလေးတွေနဲ့ ချစ်စရာ ။

 1 Million  [ 1 မီလီလျံ ]  {Complete}Donde viven las historias. Descúbrelo ahora