Ep- [13]

39.1K 1.8K 112
                                    

ဂျောင်ကု အိပ်ယာက နိူးလာတော့ ရင်ခွင်ထဲမှာ အိပ်နေတဲ့ လူသားလေးကြောင့် နှုတ်ခမ်းတစ်ဖက် ကွေးညွှတ်ပြီး ပြုံးမိလိုက်သည်။

အေးချမ်းစွာ အိပ်နေတဲ့ ယောင်းက နတ်သားလေးတစ်ပါးလိုပင်။ ‌သူပေးထားတဲ့ အမှတ်သားလေးတွေက လည်တိုင်နဲ့ နားရွက်လေးတွေမှာပါ ထင်သာစွာ မြင်နေရသည်။

မျက်တောင် စိမ်းစိမ်းလေးတွေက လှပနေသည့် ယောင်းက  ကိုယ့်လက်ချက်ကြောင့် ဖူးညောင်းပြီး နီဆွေဆွေဖြစ်နေတဲ့ နှုတ်ခမ်းလေးတွေက ' ထပ်နမ်းပါလို့ ' ပြောနေသလို။

သို့ပေမဲ့ ဂျောင်ကု စိတ် မထိန်းနိုင်စွာ နှုတ်ခမ်းလေးကိုဖိကပ်နမ်းရှိုက်လိုက်သည်။

"ပြွတ် "

"ချစ်လိုက်တာကွာ ကိုယ့်ယောင်းလေးကို "

"ပြွတ်"

ထပ်မံ နမ်းရှိုက်ပြီး ဂျောင်ကု အသဲယားနေရသည်။

" Morning time မဖြစ်ခင် ကိုယ်အပြင်ထွက်နေမှ ရမယ် ယောင်းရယ် "

ကုတင်ပေါ်က ဆင်းပြီး ဆေးလိပ်တစ်လိပ်ထုတ်ခါ အပြင်ကို ထွက်လာပြီး မှန်တံခါးကို ပြန်ပိတ်လိုက်သည်။

ပြီးနောက် ဆေးလိပ်ကို မီးညှိပြီး နီဆွေပြာနေတဲ့ နှုတ်ခမ်းနဲ့ ဆေးလိပ်ကို ကြာရှည်စွာ စုပ်ယူပြီး သောက်နေရင် အရင်က အချိန်တစ်ခုကို ပြန်တွေးနေမိသည်။

ယောင်း ကိုးရီးယားကို ပြန်ရောက်ပြီးဆိုတဲ့ သတင်းကြောင့် ဂျောင်ကု အတော်ပင် ပျော်သွားခဲ့တာ။

ဒါပေမဲ့ အိမ်ထောင်ရှိတယ် ထင်တယ်လို့ ဆူဟိုပြောတဲ့ စကားကြောင့် ဂျောင်ကု ဝမ်းနည်းရပြန်သည်။

ဒါပေမဲ့ ဂျောင်ကု သေချာအောင် ဗင်းကို ယောင်းရဲ့ နောက်ကြောင်း စုံစမ်းခိုင်ခဲ့သည်။ဂျောင်ကုလို လူအတွက် လူတစ်ယောက်ရဲ့ သတင်းတစ်ခုက အလွယ်ပင်။

စုံစမ်းပြီး သတင်းအချက်အလက်တွေအရ ယောင်းက ကိုယ့်အိမ်ပေါ်က ဆင်းပြီး လမ်းမှာ ကားတိုက်ခံလိုက်ရတယ် ။

ယောင်းကို ‌ကားတိုက်တဲ့လူတွေက နိုင်ငံခြားကလူတွေ ဖြစ်ပြီး သူတို့လင်မယားက ကလေးမရနိုင်တဲ့ လူတွေ ဖြစ်ကြပြီး အသက်တွေက 60လောက်ရှိမည်။

 1 Million  [ 1 မီလီလျံ ]  {Complete}Where stories live. Discover now