Ep- [12] ⚠

43.8K 1.9K 56
                                    

  
Warning ⚠

' BEST . KING . Hotel ' ရဲ့ စားသောက်ခန်းတစ်ခုမှာ ( Cagey ) ဂိုဏ်းရဲ့ ခေါင်းဆောင် Gey နဲ့  ( Evil beasts ) ဂိုဏ်းရဲ့ ခေါင်းဆောင် King  တို့ စကားပြောနေကြသည်။

အခန်းအပြင်မှာ အဆောင့် 10 ယောက်ရှိပြီး အခန်းထဲမှာလည်း 10ယောက်ရှိသည်။

' BEST . KING . Hotel ' သည် King ပိုင်သည့် ဟိုတယ်တွေထဲက တစ်ခုဖြစ်သည်။ကိုယ်ပိုင်သည့်နယ်မြေမှာ အမျိုးမျိုး ခြယ်လယ်နေသည့် Kingဟာ မူးယစ်ဆေးကို အဓိက ထုတ်လုပ်ပြီး လူကုန်ကူးသည့် လမ်းကြောင်းများမှာတော့ သူက ကြီးစိုးသည်။

ခုလည်း နယ်စပ်ဖက်ကို အလည်လာရင် မိတ်ဆွေဟောင်းတွေ စကားပြောနေချင်သာ။

" ခု ကိုယ်တင်သွင်းမယ့် ကုန်းကြမ်း ( နယ်စပ်ကို ရောင်းမယ့် မိန်းကလေး ) လေးတွေ အရမ်းမိုက်တယ် King လိုချင်တာယူလို့ရတယ် လက်ဆောင်အဖြစ်ပေါ့ "

" ကိုယ်စိတ်မဝင်းစားပါဘူး ပြီးတော့ စိတ်ချလက်ချ တင်သွင်းလို့ရတယ် အရင်တစ်ခါ အဖြစ်မျိုးမဖြစ်စေရဘူး  "

နယ်စပ်ဖက်ကို ကူးသယ်ရောင်းဝယ်ရေးလုပါသည့်နေရာက King ရဲ့ စာကျက်မြေတစ်ခုဖြစ်တဲ့ အတွက် တင်သွင်းရေးမှာ ပြဿနာမဖြစ်ရောင် Gey ပြောခြင်းဖြစ်သည်။

အရင်တစ်ခါ ကိုယ့်လက်နက်ပစ္စည်း‌ေတွနဲ့  Gey ရဲ့ ကုန်ကြမ်းတွေ fox အဖွဲ့က ဖြတ်လုတာခံလိုက်ရသည်မို့ ပြန်တိုက်ယူခဲ့ပေမဲ့ လက်နက်တွေသာ ပြန်ပါလာပြီး ကုန်ကြမ်းတွေကတော့ မရလိုက် ဒါကြောင့် ' King ' ခေါ် (ဂျောင်ကု) Geyကို ပြန်လျော်လိုက်ရသည်။

Fox အဖွဲ့က ပစ္စည်းတွေကို အပျော်သဘောသာ လုသော်အဖွဲ့ဖြစ်သည်။ သူတို့သည်လည်း သေးငယ်တဲ့ ဂိုဏ်းတစ်ခုမဟုတ် ။ တခြားသူတွေရဲ့ ပစ္စည်းတွေကို ပြန်လုပြီး လုယူခံလိုက်ရတဲ့ ဂိုဏ်းက လာတိုက်ခိုက်သည်ကို စောင့်နေတက်သည်။ ပြီးလျှင် အနိုင်တိုက်ပြီး တစ်ဂိုဏ်းလုံးကို ဖြိုးခွဲတက်သည်။ ပြောရမည်ဆို နယ်ချဲ့ခြင်းတစ်မျိုးပင် ထိုဂိုဏ်းက ယူအင်းရဲ့ အဖေ ခေါင်းဆောင်တဲ့ ဂိုဏ်းဖြစ်သည်။

" ဒါနဲ့ အရင်က King ဆိုတဲ့ လူက ဒီလို အရေးတွေ ငြင်းသူမဟုတ်ဘူးနော် "

 1 Million  [ 1 မီလီလျံ ]  {Complete}Where stories live. Discover now