Ep- [6]

35.5K 2K 103
                                    

"တောက်! ငါ-ိုး "

ရှေ့ကို အနည်းငယ်ကျနေတဲ့ ကုပ်‌ေလာက်ရှိကော်ဖီရောင် ဆံပင်တွေကို သပ်တင်လိုက်၏။

ထို့နောက် ခြေလှမ်းကျဲကြီးတွေနဲ့ ယောင်းနောက်ကို လိုက်ပြီး အခန်းတံခါးကို ဖွင့်ပြီး မီးဖိုးခန်းဘက်ကို လျှောက်လာတော့ သားကို ထမင်းကျွေးနေတဲ့ ယောင်း ။

သားကတော့ ကိုယ့်ကို ကျောပေးထားသည်မို့ ဂျောင်ကုကို မမြင်။ မြင်တဲ့ယောင်းကတော့ သူ့ကို တစ်ချက်သာ ပြန်ကြည့်ပြီး သားကို ဂရုတစိုက်ပြန်ပြီး ထမင်းပြန်ကျွေးနေ၏။

"သား နိုးနေပြီးလားကွ"

ထမင်းစားနေရင် သားက လှည့်ကြည့်လာပြီး

"Daddy! "

သားကခေါ်တော့ ဂျောင်ကု ထမင်းစားပွဲကို သွားပြီး သားဘေးကို ဝင်ထိုင်လိုက်ပြီး....

" အဟား ငါ့သားက ကျောင်းအကျတွေပါ လည်ပြီးသွားပြီဘဲ "

"ဟုရယ် ပါးပါး Daddy ရေတိုနေရုံ တားကို အကျလည်ပေးထားတာရေ တိတမ်းပါအုံ Daddy တားက ခန့်နယ် နရာ"

စကားအရမ်းတက်တဲ့ သားကို ကြည့်ခါ ခုနက ဒေါသတွေကို ကြက်ပျောက်ငှက်ပျောက်ပင်ဖြစ်သွားရသည်။

"Daddy သားက အခန့်ဆုံးအချောဆုံးဘဲ ဘယ်ကောင်မှ ယှဉ်လို့မရဘူး "

"ခ် ခ် ဟုရယ်!"

သားက သဘောကျစွာ တစ်ခစ်ခစ်ရယ်နေသည်လေ Box smile လေးနဲ့ ရယ်နေတဲ့သားက တကယ်ချစ်မဝလေး။

"သား ထမင်းစားနေတာလေ စကားမပြောရဘူး "

ထယ်ယောင်းမာန်လိုက်တော့ သားက စကားမပြောတော့ဘဲ ထမင်းစားနေ၏။

မ မာန်လို့လဲ မရ သားအကျင့်ပျက်မှာ မလိုလား ညကလည်း သားကို ဂျောင်ကုကို ဖုန်းဆက်ပြီး ခေါ်သည်လေ ဘယ်လိုကနေဘယ်လို ဖုန်းကိုင်တက်သွားသည်လဲ သားကို သူဖုန်းပေးမကိုင်ပါ ဒါဟာလည်း အရှေ့က အကောင် လက်ချက်ပင်ဖြစ်မည် တစ်ခါတလေ ထမင်းချက်ချိန် အလုပ်လုပ်ချိန်တို့ကြရင် သားကို ဂျောင်ကုနဲ့ထားရသည် ဂျောင်ကုလက်ချက်ဆိုတာ သေချာသည်။

တွေးနေရင် သားကို ထမင်းကျွေးတာ ကုန်သွားတော့ နွားနို့ သောက်ခိုင်းပြီး ထိုင်စောင့်ခိုင်းလိုက်ပြီး အကျသွားလည်ခါ သားနဲ့ အတူ ကျောင်းသွားဖို့ ထွက်လာလိုက်ပြီး ကားနားရောက်တော့

 1 Million  [ 1 မီလီလျံ ]  {Complete}Where stories live. Discover now