14 နှစ်ကြာပြီးနောက်
"ပါးရေ~~~~!!"
အိမ်ပေါ်က ဆင်းလာပြီး ပါးရေ ဆိုပြီး အော်ခေါ်နေတဲ့ ဂိုငယ်မှာ 6ပေကျော်အရပ်ကြီးနဲ့ အိမ်မှာ ကလေးလုပ်နေသည်။
" ဘယ်လိုတောင်လဲ ပါပါးက ဒီမှာ! "
မီးဖိုးခန်းထဲမှာ ဟင်းချက်နေတဲ့ ပါပါးက ရှိရင်စွဲ အသက်ရဲ့ ထက်ဝက်ထိ နုပျိုလွန်သည်။
"ဟီးဟီး ပါးကို အခန်းထဲမှာ မတွေ့လို့ Daddyက အောက်ဆင်းသွားပြီးပြောလို့ ဆင်းလာတာ "
"ဟုတ်ပါပြီး ကိုကို့ကိုရော မနိူးခဲ့ဘူးလား ?"
ကိုယ့်ထပ် အရပ်မြင့်နေတဲ့ သားငယ်ကို ထယ်ယောင်းမှာ မော့ကြည့်ပြီး ပြောနေရသည်။
" နိူးခဲ့တယ် ခုလောက်ဆို ရေချိုးနေလောက်ပြီး "
" Daddy ကိုရော မနိူးခဲ့ဘူးလား သားငယ်"
"နိူးရဲပါဘူး ပါးရယ် Daddy အကြောင်းလည်းသိရဲ့သာနဲ့ "
သားငယ်အပြောကြောင့် ထယ်ယောင်း ပြုံးလိုက်၏ ဘာလို့ဆို ဂျောင်ကုက ဘယ်တော့မှ သားတွေ နိူးရင် မထဘူး အသဲသန်နိူးရင် black card တွေပါ ဖျက်ပြစ်တာ ။
ကြောက်ပါတယ်ဆို ဗြဲခြောက်တော့ သားတွေက တော်ရုန်း မနိူးရဲ။
"အွန်း ပြီးမှ ပါပါး သွားနိူးမယ် "
"ဟုတ် သားဘာတွေ ကူလုပ်ရမလဲ ပါပါး "
" ပြီးတော့မယ် နွားနို့ဘဲ ကျိုးရတော့မှာ "
"သားကျိုးလိုက်မယ် Daddy ကို ပါး သွားနိူးလိုက်ပါလား "
"အဲ့ဆို ပါပါး သွားနိူးလိုက်မယ် "
ထယ်ယောင်း သားကို မီးဖိုးခန်းထဲ ထားခဲ့ပြီး အိမ်ပေါ်တက်လာလိုက်သည်။ အခန်းထဲရောက်တော့ အပေါ်အကျဗလာနဲ့ အနက်ရောင်စောင်ကို ခါးထိသာ ခြုံထားပြီး မှောက်အိပ်နေတဲ့ ဂျောင်ကုက အမြဲတမ်းအဲ့လို အိပ်ရင်ဘယ်တော့မှ အကျမဝတ်ဘူး။
"ထတော့ သားတွေတောင် ထနေပြီး "
မှောက် အိပ်နေတဲ့ ဂျောင်ကုကို ထယ်ယောင်းပြောလိုက်တော့ 'အင်း' လို့ သာပြောပြီး မထလာတဲ့ ဂျောင်ကုကြောင့် ထယ်ယောင်း အပေါ်ဗလာ ကျောပြင်ကျယ်ကြီးကို ရိုက်ပြစ်လိုက်သည်။
YOU ARE READING
1 Million [ 1 မီလီလျံ ] {Complete}
ActionJk - Possessive type #Warning Cv_ Pinterest