Ep- [21]

30.3K 1.5K 33
                                    

ထယ်ယောင်း နည်းနည်းတောင် နောင်တရချင်သလို ဖြစ်လာသည်။ ပြီးတော့ ဝမ်းလည်း နည်းလာသလို စိတ်လည်းဆိုးတယ်။

အိမ်ပေါ်က ဆင်းလာတာ 7ရက်လောက်ရှိပြီး ခုထိ ပြန်မခေါ်သေးဘူး နေ့တိုင်းလာရဲ့သာနဲ့ လူကို မျက်နှာတောင်မပြဘူး လူမကောင်းကောင်အဟင့် ။

"သား ပြန်ချင်နေပြီးလား "

အိပ်ရာထဲမှာ ချည်ထိုးနေရင်  မျက်ရည်တွေဝဲနေတဲ့သားကို ကြည့်ပြီး ဂူဂူအဖွားစိတ်မချမ်းမသာဖြစ်ရသည်။

အသက်တွေ ကြီးလာတော့ အရင်က အတ္တတွေနဲ့ ရှင်သန်ခဲ့တဲ့ ကိုယ့်ကိုကို ပြန်တွေးကြည့်ရင် တော်တော် ပူလောင်တဲ့ လူတစ်ဦးဖြစ်ခဲ့သည်။

ခုတော့ သူအေးချမ်းတဲ့ လူတစ်ယောက်အဖြစ်ရှင်သန်မည်။

"ပြန်ချင်ပါဘူး    "

"ဟော ~~~~ အောက်မှာ သားယောကျာ်းရောက်နေ"

  ဂျောင်ကု ရောက်နေပြီး ဆိုတဲ့ စကားကြောင့် မာမီ စကားတောင်မဆုံးသေး အောက်ကို ပြေးဆင်းသွားလိုက်သည်။

"ဟယ် ဖြည်းဖြည်းသွားပါကွယ် ~~~!! ဒီကလေးနဲ့ မပေါ့မပါကြီးနဲ့ကို ဟင်းးးးး"

အောက်ကိုရောက်တော့ ထမင်းစားခန်းထဲမှာ မုန့်တွေကို ချိုင့်ထဲ ထည့်နေတဲ့ သားနားကို ထယ်ယောင်းပြေးသွားပြီး

"သား မင်း Daddy ရော "

" ပန်းခြံထဲမှာ ပန်းမျိုးတွေပင် သွားကြည့်တယ် "

"ဟာ ပါးပါ ဖြည်းဖြည်းသွားလေဗျာ ဟင်း ‌ယောကျာ်းဖြစ်သူကို အဲ့လောက်တောင် လွမ်းနေလားဘဲ "

ထယ်ယောင်း သားစကားကိုလည်း အရေးမစိုက်အာ ဟိုမကောင်းတဲ့ကောင်ကိုဘဲ တွေ့ချင်နေတယ် ။ 7 ရက်လုံးပေါ်မလာတဲ့ မျက်နှာက ဘယ်လိုများဖြစ်နေမလဲ ။

ထယ်ယောင်း ပန်းခြံထဲရောက်သွားတော့ မျိုးအိတ်လေး နှစ်အိတ်ကိုင်နေတဲ့ ဂျောင်ကု။

နောက်က မြင်နေရတဲ့ ကျောပြင်ကျယ်ကြီးကိုကြည့်ပြီး  လွမ်းနေခဲ့တာ ခြေဖျားလေးထောက်ပြီး နမ်းရှိုက်ခဲ့တဲ့ ဆံပင်တွေကို လွမ်းနေခဲ့တာ သူ့ရဲ့အရာရာကို လွမ်းနေခဲ့တာ ။မင်းကတော့ အေးဆေးဘဲမလား။

 1 Million  [ 1 မီလီလျံ ]  {Complete}Where stories live. Discover now