Ep- [2]

41.6K 2.4K 43
                                    

ကြီးမားတဲ့ အိမ်ကြီးလို့ပြောရမှာထပ် နန်းတော်ကြီးလို ခမ်းနားပြီး ထည်ဝါတယ်လို့ပြောရမည်  ။ ရွာက ဘုန်းတော်ကြီးကျောင်းထပ် ပိုကြီးသည် ။ ဒီလို ခမ်းနားတဲ့ အိမ်တော်ကြီးမှာ နေရတဲ့ လူတွေက အတော်ကံကောင်းမှာဘဲဟု ထယ်ယောင်း ဖြူစင်စွာ မှတ်ယူလိုက်သည်။

"မြေး အထဲကို သွားရအောင်"

ထယ်ယောင်းရဲ့ လက်ကို ဆွဲပြီး အဘိုးအိုးနဲ့အတူ အိမ်တော်ကြီးထဲ ဝင်ခဲ့သည်။

အိမ်ထဲကို ဝင်မည့်အလုပ် ခြေလှမ်းစလိုက်သည့်အချိန် စူးဝါးစွာ ထွက်လာတဲ့ အသံငယ်တစ်ခု~~

"ငါလိုချင်တာ ဒါမဟုတ်ဘူး ပြန်လုပ်ပေး!!"

"သခင်လေးရယ် ဟို.... အဲ့ဒါက သူများဟာလေး... ဘယ်လိုလုပ်"

"မသိဘူး အဲ့ပစ္စည်းမဟုတ်ရင် ငါမယူဘူး !!"

"ခွမ်း!!!"

ဂျောင်ကု ဘေးနားက ပန်းအိုးတွေကို တွန်းခွဲပြစ်သည်။

လေလံတင်ပြီး ဝယ်ထားတဲ့ ပန်းအိုးတွေမို့
ဝမ်သန်း50နားကတော့ ပြေးမလွှတ်ပေ။

ဘေးက အစေခံမလေးမှာလည်း အသက်ရွယ်နဲ့ မလိုက်အောင် ဒေါသကြီးလွန်တဲ့ သခင်လေးကိုကြည့်ပြီး ကြောက်လန့်နေသည်။ အသက်5နှစ်တာသာ ရှိသေးတဲ့ ကလေးဟာ မည်သည့်တိုင်အောင် ကြောက်ဖို့ကောင်းလဲဆိုတာ အဲ့အိမ်က အစေခံတွေ အကုန်သိသည်။

"ဘကြီး အဲ့ဒီအသံက ဘယ်သူ့အသံလဲ"

ဘကြီးရဲ့ လက်ကို ပိုတိုးကိုင်ပြီး တိုးငယ်စွာ ထယ်ယောင်းဆိုလိုက်သည်။

"အဲ့ဒါ ဒီအိမ်ကြီး သခင်လေး မြေးသူ့ကို သည်းခံရမယ်နော်"

"ဟုတ် "

ဘကြီးနဲ့အတူ အခန်းထဲကို ‌ထယ်ယောင်းအားတင်းစွာ ဝင်လာလိုက်သည်။

အိမ်ထဲရောက်မှ တစ်အိမ်လုံးရဲ့ ချမ်းသာမှုက မည်သည်လောက်ရှိမည်လဲဆိုတာ အသက်14နှစ်အရွယ်ဖြစ်တဲ့ သူသိပါသည်။
အပေါ်မှာ ထွန်းထားတဲ့ မီးပန်းတွေက နည်းတာမဟုတ် ဒီအိမ်ထဲမှာသာနေရင် အပြင်က မိုးလင်းလာ မိုးချုပ်လာသိရမည်မဟုတ်ပါ။

" သူက ဘယ်သူလဲ ??"

အိမ်ထဲကို ဝင်လာတဲ့ ခြံစောင့်အစေခံနဲ့အတူ ကောင်လေးတစ်ယောက်ပါလာသည်မို့ ဂျောင်ကုမေးလိုက်သည်။

 1 Million  [ 1 မီလီလျံ ]  {Complete}Where stories live. Discover now