Ep- [3]

38.3K 2.3K 162
                                    

"အကို အဲ့ဆို မနက်ကျတော်လာခဲ့မယ် နည်းနည်းတော့ နောက်ကျမယ်ထင်တယ်အကိုရဲ့ အဲ့ဒါ အချိန်လေး ညှိပေးပါလားဗျာ မနက်ဖြန်သားကို ကျောင်းသွားအပ်မို့ "

"ရတယ်ညီ အကို ပြောပေးမယ် "

"အဲ့ဆို ဒါဘဲနော်အကို"

"ဒါဘဲ ညီ Goodnight"

"ဟုတ် Goodnight"

ထယ်ယောင်း အပြင်မှာက နည်းနည်းအေးတာမို့ ဖုန်းကို ချပြီး အိမ်ထဲ ပြန်ဝင်ဖို့ အလှည့်

"အမေ့!"

"လန့်သွားတာလား အဟက်!"

အနက်ရောင် ဖဲသား ညအိပ်ဝတ်စုံနဲ့ ဂျောင်ကုက ကော်ဖီရောင်  ဆံပင်အရှည်တွေကို စုစည်းထားသည်မှာ အတော်ကြည့်ကောင်းသည်။ အကျင့်နဲ့ မလိုက်စွာ ကြည့်ကောင်းနေတဲ့ ရုပ်ကြီးကို ထ‌ယ်‌ေယာင်း ကုတ်ဖဲ့ပြစ်ချင်သည်။

"မင်းဘယ်လိုလုပ် ငါခြံထဲရောက်နေတာလဲ ?"

"ယောင်း ဟိုအကောင်နဲ့ စကားပြောနေထဲက ရောက်နေတာ "

ဆေးလိပ်တစ်လိပ်ကို ထုတ်ပြီး မိမိရှေ့မှာ ဇိမ်ပြေစွာ သောက်ပြနေတဲ့  ဂျောင်ကုကိုကြည့်ပြီး ထယ်ယောင်း လက်သီးတွေကို ကျစ်နေအောင် စုပ်ထားမိသည်။

" မင်း လူမူရေးနားမလည်ဘူးလား တခြားလူဖုန်းပြောနေတာကို နားထောင်နေတာ ဘယ်လောက် ရိုင်းစိုင်းတဲ့ အပြုအမူလဲဆိုတာ မင်းမသိဘူးလား"

"ကိုယ်က အရိုင်းအစိုင်းဆိုတော့ ဘယ်သိမှာတုန်း ယောင်းသင်ပေးလေ အဟွန်း"

"မင်းလို အရိုင်းအစိုင်းကို သင်ပေးလည်း လူအသိရှိလာမှာမဟုတ်ဘူး 'ခွေးမြီးကောက်ကျီတောက်စွပ် ‌' သလိုဘဲ ဖြစ်မှာ"

"သိရဲ့သာနဲ့ ဘာလို့ ရိုင်းစိုင်းတယ်ပြောနေလဲ ကိုယ်ရိုင်းလား မရိုင်းလား အစထဲက သိတယ်မလား"

ဆေးလိပ်ကို ပြင်းပြင်းရူသွင်းရင် ဘေးဖက်ကို မှုတ်ထုတ်လိုက်တဲ့ ဂျောင်ကု

"ငါသိပါတယ် မင်းငါ့ကို 1 Million ပေးလိုက်ထဲက "

ဂျောင်ကုမျက်နှာ ချက်ချင်းပင် ခက်ထန်သွားခါ ဆေးလိပ်ကို လက်ညှိုးနဲ့ လက်ခလယ်ကြားညှပ်ပြီး

 1 Million  [ 1 မီလီလျံ ]  {Complete}Where stories live. Discover now