Ep- [11]

33.9K 1.9K 80
                                    

  "သား !!"

အိမ်ထဲအဝင် ဧည့်ခန်းထဲက မာမီရဲ့ အခေါ်ကြောင့် ဂျောင်ကုရပ်လိုက်ပြီး မာမီကို ကြည့်လိုက်တော့ မျက်ရည်တွေက ဝဲနေသည်။

" ဟို အိမ်လေးမှာ ကျွန်ကောင်တို့ သားဖ ရောက်နေတာဆို မင်း ဘာလို့ အဲ့ကိုဘဲ သွားနေတာလဲ ဟမ်း!"

ဆန်ဂျူ ဒေါသများထွက်ရသည်။ ကင်ထယ်ယောင်းကောင်နဲ့  ပတ်သက်ခဲ့မည်ဆို၍ ကိုယ်ကိုယ်တိုင် အဝေးကို ပို့ခဲ့သည်။ ခုဒီအကောင်အနားပြန်ရောက်နေသည်ကိုတောင် ဒီမနက်မှ သမီးယူအင် ဖုန်းနဲ့ဆက်ပြီး ပြောမှ သိခဲ့ရသည်။

ထပ်ပြီး အဲ့အကောင်လက်ထဲ သားကို အပါမခံနိုင်ပါ ။

" ယောင်းကို ကျွန်ကောင်လို့ မခေါ်နဲ့ မာမီ"

" မင်းက အဲ့အကောင်ထိလို့ နာတာလား ဂျောင်ကု အဲ့အကောင်က မင်းနဲ့ မာမီကို ခွဲတဲ့ကောင် သိလား သား သိလား !! "

ဂျောင်ကုရဲ့ ရင်ဘတ်များကို ထုရိုက်ခါ ဆန်ဂျူမျက်ရည်များကျခါ ပြောနေမိသည်။

" မာမီ!! ‌ယောင်းအမှားမဟုတ်ဘူး အဲ့ဒါ မာမီတို့အမှား ! ကျွန်တော်ရဲ့ အတိတ်ဆိုးကြောင့် ကျွန်တော် ငယ်ငယ်ရွယ်ရွယ်နဲ့ လက်မှာ သွေးစွန်းခဲ့တယ် ကျွန်တော့်အပေါ်ဂရုစိုက်ပြီး မိဘတစ်ယောက်ရဲ့ တာဝန်တွေသာ ကျေပွန်ခဲ့ရင် ဒီလို အခြေအနေဖြစ်လာမှာမဟုတ်ဘူး ဘာတဲ့ ယောင်းကြောင့်ဟုတ်လား 4 နှစ်ရွယ်သာရှိတဲ့ ကျွန်တော့်ကို အိမ်မှာ အိမ်တော်ထိန်းတစ်ယောက်နဲ့ စိတ်ချလက်ချ ထားခဲ့တာဘယ်သူလဲ ဟမ်း!! "

"........"

ဆန်ဂျူ မျက်ရည်များ‌ကျခါ ခေါင်းကို အသွင်သွင် ခါရမ်းနေပြီး သူ့၏သားကို ကြည့်နေမိသည်။

အကြီးမားဆုံး နောင်တတရားဖြစ်ခဲ့တာပါ သားရယ်။

"အဟွန်း မဖြေနိုင်ဘူး မလား ! အဲ့တုန်းက ကျွန်တော် ဘယ်လောက်ကြောက်ခဲ့ရလဲသိလား အဲ့လူရဲ့ ရမ္မက်ဆန်စွာ ကြည့်နေတဲ့ မျက်လုံးတွေက အရမ်းရွံဖို့ကောင်းတာ ကျတော်ရဲ့ ကိုယ်ကိုကြည့်နေတဲ့ သူ့ရဲ့ မျက်နှာကြီးက ကျွန်တော့်အတွက် အိမ်မက်ဆိုးလို ဖြစ်ခဲ့တာ အဲ့အချိန် မာမီ အနားမှာ ရှိခဲ့လား ဟမ်း !! "

 1 Million  [ 1 မီလီလျံ ]  {Complete}Where stories live. Discover now