Ep- [7]

34.2K 2K 193
                                    

"ညနေ လာကြိုမယ် ကိုယ့်ဘာသာမပြန်နဲ့ ကြားလား "

ထယ်ယောင်း ကားပေါ်က ဆင်းခါနီး ဂျောင်ကု ပြောလိုက်သည်။

အထက်စီး ဆန်းတဲ့စကားကြောင့် ထယ်ယောင်း ဒေါသထွက်ရပြန်သည်။ သူ့ကိုယ်သူဘာထင်နေတာလဲ ။

"ငါ့ဘာသာ ကြိုက်တာနဲ့ ပြန်မယ် မင်းအရေးလည်းမဟုတ်သလို မင်းစောက်ကြောင်းနဲ့လည်း မဆိုင်ဘူး ဂျောင်ကု "

ကားအပြင်ကနေ ပြောနေတဲ့ ထယ်ယောင်းက မျက်နှာက တင်းတင်းပင်။

အပြင်ရောက်မှ လေကျယ်နေတာလား။

"လုပ်ရဲရင် လုပ်ကြည့်လေ "

"ဘာ! "

"သွားပြီး "

မောင်းထွက်သွားတဲ့ ကားကို ကြည့်ပြီး ‌ထယ်ယောင်း စိတ်တိုရပြန်သည်။

"အရိုင်းအစိုင်းကောင်"

ထယ်ယောင်း စိတ်ကိုလျော့ခါ ဆေးခန်းဆီ မြန်မြန်သာ လျှောက်လာလိုက်သည်။

ဒီမနက် အတော်စိတ်ပင်ပန်းတယ်။

>>>>>

ခုတလော ကားရှိုးကို မလာဖြစ် အောက်လမ်းက ကစ္စတွေမှာ လက်မလည်လို့ ကိုယ်တိုင် သွားရသည်။

အောက်လမ်းဖက် အလုပ်ဆိုလို့ ကိုယ့်အလုပ်ကို ကားရှိုးတစ်ခုထဲလို့ မထင်လိုက်ပါနဲ့ ။

လက်နက်ရောင်ဝယ်ရေးနဲ့ ဘိန်းထုတ်လုပ်ရေးတွေ လုပ်ဖြစ်သည်။ ဘိန်းကိုတော့ အခင်းတွေ ဝယ်ပြီး စိုက်တာမို့ တစ်ခါတလေဆို ကိုယ်ကိုယ်တိုင်သွားရသည်။

ဒီလောကထဲကို ဝင်ခဲ့တာ ယောင်းထွက်သွားထဲကပင်။ မာမီနဲ့စကားများပြီး တိတ်တဆိတ်လုပ်ခဲ့သည်။ကြာလာတော့ ဒီအလုပ်ကို သဘောကျလာသည်။

စွန့်စားပြီး လုပ်ရတဲ့အတွက် ပို ပျော်စရာကောင်းသလို။ ဒီလောကက ဝင်လမ်းသာရှိသည်။ ထွက်လမ်းကတော့မရှိ ဒါကြောင့် ကြာရှည်စွာ လုပ်ကိုင်ခဲ့သည်။

ဒီအလုပ်တွေလုပ်နေတာ 5နှစ်ကျော်ပြီး အဲ့တော်အတွင်း လူလုံးထွက်ပြီး မလုပ်ကိုင် အရေးကြီးမှသာ လူလုံးထွက်သည်။ဒါကြောင့် ဒီအလုပ် လုပ်နေသည်ကို ကိုယ်နဲ့ ကိုယ့်အတွင်းရေးမှုမှ လွယ်၍ ကျန်တဲ့လူမသိ ။

 1 Million  [ 1 မီလီလျံ ]  {Complete}Where stories live. Discover now