Part 25: မဖြစ်နိုင်တာ

1.2K 239 11
                                    

(Unicode)
.
.
.
"မင်းဘာလို့ သူ့ကို ထပ်ပြီး ခေါ်လာပြန်တာလဲ?"

Mer မျိုးနွယ်ဘုရင်က လုမုန့်ကို မြေကြီးပေါ်သို့ အေးအေးဆေးဆေး ပစ်ချလိုက်သည်။ ဒီစကားလုံးတွေကို ကြားပြီး၊ သူ ငေးကြောင်ကြောင် ရပ်တန့်နေမိသည်။ "ထပ်ပြီး? ကိုယ် သူနဲ့ တွေ့ဖူးတယ်လား?"

အမျိုးသားက ကူရာမဲ့သွားတယ်၊ သူက ရာဇဝင်ကြွေးဆပ်မကုန်နိုင်တဲ့ အဖြစ်အပျက်တွေရဲ့အကျိုးဆက်တွေ အရှိန်တိုးမြင့်လာနိုင်တဲ့အခြေအနေကို ကာကွယ်ရန် မျှော်လင့်ပြီး၊ သူ့ချစ်သူရဲ့ ဒေါသ လျော့ကျ​ေစရန် ချွေးသိပ်ဖို့ အတော်လေးအင်အားစိုက်ထုတ်ခဲ့ပေမဲ့၊ နောက်ဆုံးမှာတော့ အပြစ်မရှိတဲ့သူတစ်ယောက် ထိခိုက်မိလာသေးတယ်။

"အရှင် မမှတ်မိဘူးလား? အရှင် အရင်က ကျွန်​ေတာ့်ကိုရှာဖို့ မြို့ထဲကို သွားတုန်းကလေ။"

"မင်းပြောချင်တာ၊ သူက အဲ့ဒီကောင်လေးလား?" Mer မျိုးနွယ်ဘုရင်က လုမုန့်ရဲ့ အသွင်အပြင်တွေကို ဂရုတစိုက်လေ့လာကြည့်နေပေမဲ့၊ ဘာမှမထူးဘူး။

အမျိုးသားက လုမုန့်ရဲ့သွေးထွက်နေတဲ့နေရာကို ဆေးဖက်ဝင်ရေမှော်ပင်နဲ့ စည်းပေးတယ်၊ ပြီးတော့ အဲလိုလုပ်ပေး​ေနတာကို Mer မျိုးနွယ်ဘုရင်က သဘောမတွေ့လှဘူး။ ဒါပေမဲ့ အစောတုန်းက အမျိုးသား ဘယ်လောက်တောင် ဒေါသူပုန်ထနေခဲ့လဲဆိုတာ တွေးကြည့့်ပြီး၊ သူ သက်ပြင်းချလိုက်မိတယ်။ ထားပါတော့၊ ဒီတစ်ကြိမ်ပဲ ခွင့်ပြုပေးလိုက်မယ်။ ပြောရရင် သူကပဲ တစ်ဖက်လူကို တအားအလိုလိုက်ခဲ့လွန်းတာ မဟုတ်လား?

"လာ... သီချင်းတစ်ပုဒ် ဆိုလိုက်။"

"မဆိုဘူး။" Mer မျိုးနွယ်ဘုရင်က စိတ်ဆိုးစွာနဲ့ ကျွဲမြီးတိုနေတယ်။ သူ တေးသီဆိုတာကို  နားထောင်ခွင့်ရလောက်တဲ့အထိ ဘယ်သူကများ တန်ဖိုးရှိနေလို့လဲ? အဲဒီသီချင်းတွေက အချစ်သီချင်းတွေလေ!

"ကျွန်တော် တစ်ပုဒ်လောက် နားထောင်ချင်တယ်လေ။" အမျိုးသားက သူ့ရဲ့နားရွက်ဖျားကို တစ်ချက်နမ်းလာတယ်။

"ဒါဆိုလည်း.... ကောင်းပြီ။ မင်း ဘယ်သီချင်းကို နားထောင်ချင်တာလဲ?"

Two Alpha's 101st Blind Date (MM Translation)Where stories live. Discover now