(Unicode)
.
.
.
လုမုန့် လီဇီရဲ့ report ကို မယုံနိုင်စွာ ကြည့်နေမိတယ်။
.........Pheromones ဖွဲ့စည်းမှု: ပူရှိမ်းနံ့၊ သစ်သား၊ ကတိုးနံ့။
စာရွက်ပေါ်က တခြားစာလုံးတွေကို လုမုန့် ဆက်မဖတ်နိုင်တော့ဘူး။
ဒါ ဘယ်လိုလုပ်ပြီး.......
အမှုမဲ့အမှတ်မဲ့၊ သူ အရင် blind date တုန်းက ဖြည့်ခဲ့ဖူးတဲ့ စစ်တမ်းမေးခွန်းလွှာကို ပြန်တွေးမိတယ်၊ ပြီးတော့ သူရေးခဲ့သမျှက အခြေခံအားဖြင့် လီဇီကို ပုံဖော်ထားကြောင်း သဘောပေါက်သွားတာနဲ့ သူအရှက်ရသွားေတ့ာတယ်။
သူ့ရဲ့ blind date က လီဇီနဲ့သာဆိုရင်.......
"Fuck ပဲ လုမုန့်။ အဲဒါမင်းရဲ့ ညီအစ်ကိုလေ။"
ဒီတိုင်းလေး တွေးကြည့်မိရုံကတင်၊ လုမုန့်ကို ထိန်းချုပ်မှုကနေ အနည်းငယ် လွတ်ထွက်စေပြီး၊ တစ်စတစ်စ ရစ်နွယ်တက်လာေစတယ်။ သူတို့ အားလပ်ရက်ရတုန်းက တစ်ယောက်ကိုတစ်ယောက် ဖြေလျော့ပေးခဲ့ကြတာကို သူမှတ်မိနေတုန်းပဲ။ အမှန်တိုင်းပြောရရင်၊ တချို့အရာတွေက သူ့ရှေ့မှာ ရှင်းရှင်းလင်းလင်းကြီးကို ပေါ်လွင်နေတယ်၊ သူ ဆင်ခြေတွေလျှောက်ပေးဖို့ ရွေးချယ်ခဲ့ပြီး၊ သူ့ကိုယ်သူ ဘယ်လောက်ကျိုးကြောင်းမဆီလျော်လဲဆိုတာ ဖုံးကွယ်ထားခဲ့၍သာ.....။
လုမုန့် လီဇီပေးခဲ့တဲ့ စီးကရက်ကို လက်ညှိုးနဲ့လက်မကြား ညှက်ထားရင်း မီးညှိလိုက်တယ်။ ဒါက တိုက်ဆိုင်မှုတစ်ခုလည်း ဖြစ်နိုင်တာပဲ၊ လီဇီရဲ့ ဆေးလိပ်မှာလည်း တူညီတဲ့အနံ့ရှိနေတယ်။ မီးစမှ အလင်းရောင်က သူ့မျက်နှာပေါ်မှာ ရိပ်တိပ်တိပ် ကျရောက်နေပြီး၊ သူ့ရဲ့ မျက်လုံးထဲက စိတ်ပျက်နေမှုကို ဖော်ထုတ်နေသော်ငြား၊ အဲဒါက တိုက်ဆိုင်မှု ဟုတ်လား မဟုတ်လားဆိုတာ ရှင်းနေတာပဲ၊ လုမုန့် သူ့ကိုယ်သူ အရူးလုပ်ဖို့ ဆင်ခြေတွေလည်း ကုန်နေပြီ။
လုမုန့် ဘာကြောင့် သူ့ကြောင့်နဲ့ မာလာခဲ့တာလဲ? သူက ဘာကြောင့် တစ်ဖက်လူရဲ့ blind date တွေကို မအောင်မြင်စေချင်ခဲ့တာလဲ? သူက ဘာကြောင့် လီဇီ အိုမီဂါတစ်ယောက်နဲ့ လက်လေးဆွဲနှုတ်ဆက်ရုံနဲ့ စိတ်ဆိုးခဲ့တာလဲ? သူက ဘာကြောင့် သူ့ကျန်းမာရေးအတွက် အရမ်းစိုးရိမ်ပူပန်ခဲ့တာလဲ? သူက ဘာကြောင့် လီဇီဘေးမှာ အရမ်းနောက်ပြောင်နေခဲ့တာလဲ?
STAI LEGGENDO
Two Alpha's 101st Blind Date (MM Translation)
FantasyThe story of two alphas failing at blind dates together. That is, except for their last one. Original Author - 桃之幺 MM Translator - A Yint Yao 31 Chapters + 2 Extras Disclaimers: * This is just a translation work. * I do not own the story. * I do n...