Part 5: လုမန်မန် (陆盟盟)

1.7K 305 0
                                    

(Unicode)
.
.
.
"ပျော်နေတယ်ပေါ့?" လုမန်က မကျေမချမ်းမှုတွေ ပြည့်နှက်နေတယ်၊ သူ့ကိုယ်သူ အသံတိတ်ကြိမ်ဆဲရင်း၊ လီဇီကို စောင့်နေခဲ့တာ နာရီဝက်လောက်ရှိနေပြီ ဖြစ်တယ်။ ဒီကောင့်ရဲ့ blind date က အောင်မြင်သွားတာများ ဖြစ်နိုင်မလား?

လီဇီက နှုတ်ခမ်းတွေကိုတွန့်ကွေးရင်း သူ့ကိုဖျတ်ခနဲ ကြည့်လာတယ်။

လုမန် အနည်းငယ်မှားယွင်းနေသလို ခံစားရတယ်။ ဘာလို့ ငါက ကျရှုံးတဲ့သူဖြစ်ပြီး၊ သူကတော့ အောင်မြင်တဲ့သူဖြစ်လိမ့်မယ်လို့များ ထင်မိပါလိမ့်?

လီဇီက ဖြေရှင်းချက်ပေးလာတယ်။ "ငါ ဖောင်တစ်ခု ဖြည့်ခဲ့တာ"

"ငါရောပဲ။" လုမန်က ကျွဲမြီးတိုစွာပြောလိုက်တယ်၊ "ပြောစမ်းပါ၊ အဲ့ဒီ အမျိုးသမီးအိုမီဂါက လှလား?"

လီဇီက ခဏတွေးကြည့်ပြီး ခေါင်းခါပြတယ်။
"ငါ အာရုံ မစိုက်ခဲ့ဘူး"

"မင်းက အာရုံမစိုက်ခဲ့ဘူး၊ ဒါပေမဲ့ အရမ်းကို ပျော်နေတုန်းပေါ့လေ?!" လုမန် နှုတ်ခမ်းဆူသွားတယ်၊ ရုတ်တရက် ရှင်းမပြနိုင်တဲ့ ဒေါသတချို့က သူ့စိတ်ထဲကနေ ပေါက်ကွဲထွက်လာတယ်။

"သူ့(သူမ)နာမည်ဘာလဲဆိုတာ မင်းသိလား?"

လုမန်စိတ်အခြေအနေက ချဥ်တူးနေတယ်။ သူက သူ့နာမည်ကိုတောင် မှတ်မိ​ေနတယ်ပေါ့လေ။

အဲ့ဒီစိတ်က သူတို့အိမ်နားရောက်တဲ့အထိ မပျောက်သေးဘူး။

"ငါနဲ့ တစ်ချီလောက် ချရအောင်။ ငါ့အရိုးတွေတောင် သံချေးတက်တော့မယ်​။" ဘယ်လိုပဲဖြစ်ဖြစ်၊ စစ်တပ်ထဲမှာ ရှိနေခဲ့တဲ့အချိန်တွေကို လုမန် အကြီးအကျယ် လွမ်းဆွတ်နေတာ ဖြစ်တယ်၊ အနည်းဆုံးတော့ ဒီမှာလိုမျိုး အဲ့ဒီစိတ်ရှုပ်စရာ blind date တွေ သွားနေစရာမလိုဘူးလေ။

"မင်းတကယ် မသိချင်ဘူးလား?" လီဇီရဲ့ စပ်ဖြဲဖြဲအပြုံးထဲမှာ ကောက်ကျစ်စဥ်းလဲတဲ့အမူအရာတွေပေါ်နေတယ်။

"မသိချင်ဘူးကွာ!"

လုမန်ရဲ့ စိတ်အခြေအနေက အိမ်ပြန်ပြီး သူ့အမေဆီက နားပူခံရလောက်အောင် ကောင်းမနေဘူး၊ ဒါကြောင့် သူက လုပ်နေကျအတိုင်း လီဇီအခန်းထဲကိုပဲ လိုက်သွားလိုက်တယ်။ ဘာပဲဖြစ်ဖြစ်၊ အခန်းက သူတို့ သတ်ပုတ်လို့ရလောက်တဲ့အထိ ကျယ်တယ်လေ။

Two Alpha's 101st Blind Date (MM Translation)Donde viven las historias. Descúbrelo ahora