(Unicode)
.
.
.
လှေကားပေါ်ရှိ လူနှစ်ဦးသည် အရှေ့တောင်အဖွဲ့ချုပ်၏ ရှေ့တန်းလက်နက်ကိုင်တပ်မှ ဖြစ်ပြီး၊ Merfolk ကျုးကျော်မှုကို တိုက်ခိုက်အနိုင်ယူခဲ့ခါစဖြစ်သော်လည်း၊ သူတို့ပတ်ဝန်းကျင်လေထုကတော့ အနည်းငယ်မျှ ပျှော်ရွှင်မြူးထူးဖွယ် ရှိမနေပေ။ ထိုင်နေသောသူက ရှပ်အကျီ ကော်လာကို ခပ်ကျယ်ကျယ် ဖွင့်ဟထားသော်လည်း၊ ထိုအရာကပင် သူ့နှလုံးသားထဲမှ စိတ်ပျက်မှုကို အနည်းငယ်မျှ မဖြေလျော့ပေးနိုင်။ လုမန် စိတ်ပျက်လက်ပျက်အမူအရာဖြင့် ပြောလိုက်သည်၊ "အားဇီ ငါတို့ ဘာလုပ်သင့်လဲ?"ချက်ချင်းပဲ သူထပ်ဖြည့်ပြောလိုက်သည်၊ "မင်းအကြံအတိုင်း ငါလိုက်လုပ်မယ်။"
စိတ်ပျက်စွာြဖင့်၊ လီဇီက သူ့ကိုကန်ပစ်လိုက်ဖို့ သူ့ကိုယ်သူမထိန်းနိုင်တော့ဘူး။ သို့သော်လည်း သန်မာမှုအပိုင်းတွင် SSS အဆင့်ရှိသော လုမန်က အရေးမစိုက်အားစွာ ရှောင်ရန် စိတ်မဝင်စားဘဲ၊ အခွင့်ကောင်းယူပြီး ခြေထောက်ကိုပွေ့ဖက်ကာ အော်ပြောလိုက်သည်၊ "ဒါပေမဲ့ လီကောကော မင်းရဲ့ သတို့သမီးလေးက လှည့်စားခံရတော့မှာပဲ"
လီဇီ: "......." တောင်းပန်ပါတယ်၊ ဒါပေမဲ့ ဒါက သူ့ကို အနည်းငယ် စပ်ဆုပ်သွားစေတယ်။
"အဓိပ္ပါယ်မရှိတာတွေ လျှောက်မပြောနဲ့" လီဇီက ပြောလိုက်တယ်။
လုမန်က ဒီတိုင်းမထားဘူး။ "မင်းရဲ့ အစီအစဉ်ကို အရင်ပြောြပ"
လီဇီ: "......."
နှစ်မိနစ်လောက်တိတ်ဆိတ်ပြီးနောက်မှာတော့ လီဇီက လေးလေးနက်နက်ပြောလိုက်တယ်။ "သတင်းတု လွှင့်လိုက်၊ Merfolk က နောက်တစ်ကြိမ်တိုက်ခိုက်လာတယ်၊ အဲဒီနောက် ငါတို့ အချိန်မှီ လွတ်မြောက်လာခဲ့တယ်ဆိုပြီး"
လုမန်က ခေါင်းမော့ကာ ထိတ်လန့်နေဖွယ် ဟန်လုပ်ပြီး သူ့ကိုကြည့်လိုက်တယ်။ "ဗိုလ်မှူးကြီးလီက ဒီလောက် စဉ်းလဲပြီး ဉာဏ်နီဉာဏ်နက်များလိမ့်မယ်လို့ ငါမထင်ထားခဲ့မိဘူး"
လီဇီ သူ့ရဲ့မျက်ခုံးတွေ ကိုက်ခဲလာပေမဲ့ ဒါကို ချီးကျုးမှုတစ်ခုလို့ပဲ မှတ်ယူလိုက်တယ်။ "အဲဒါဆိုလည်း မင်း blind date လုပ်ဖို့သာ သွားတော့"
![](https://img.wattpad.com/cover/297569991-288-k624535.jpg)
VOCÊ ESTÁ LENDO
Two Alpha's 101st Blind Date (MM Translation)
FantasiaThe story of two alphas failing at blind dates together. That is, except for their last one. Original Author - 桃之幺 MM Translator - A Yint Yao 31 Chapters + 2 Extras Disclaimers: * This is just a translation work. * I do not own the story. * I do n...