Extra 1.1 (Mini Parts 1, 2, 3)

2.7K 286 8
                                    

(Unicode)
.
.
.
1. စစ်သာ

"ရဲဘော်လေး၊ ဒီကိုလာပါဦး။" လုမုန့်က စစ်သားလေးကို လက်တစ်ချောင်းနဲ့ လက်ဟန်ပြပြီးခေါ်လိုက်တယ်။

စစ်သားလေးရဲ့ မျက်နှာနီရဲသွားပြီး၊ အမြန်ရောက်လာတယ်။ "ဗိုလ်ချုပ်"

"မင်းလည်း Alpha တစ်ယောက်ပဲ၊ ဟုတ်တယ်မလား?"

စစ်သားလေးက မှန်ကန်ကြောင်းခေါင်းညိတ်ပြတယ်၊ လူတော်တော်များများက သူ့မှာ Alpha တစ်ယောက်ရဲ့အပြုအမူပုံစံတွေ မရှိဘူးလို့ ပြောကြပေမဲ့ သူက Alpha တစ်ယောက်ပါပဲ။

"ဒါဖြင့် ဘယ်လိုအခြေအနေမျိုးမှာ မင်းရဲ့ gland က ဖောင်းကြွနေတတ်လဲဆိုတာ မင်းသိလား?"

အခုတော့ စစ်သားလေး လုံးလုံးလျားလျား ရှက်သွေးဖြာနေမိပါပြီ။

"ဟို...ဟို.. rut ဝင်နေတဲ့.. အချိန်မှာပါ။" သူ့ရဲ့အသံက ခြင်အော်သံလိုမျိုး သေးငယ်နေတယ်။

လုမုန့် ရုတ်ချည်းပဲ ရှင်းရှင်းလင်းလင်းသိသွားတယ်။

ဒီတော့ သူတို့က တစ်ယောက် ခံစားချက်ကို တစ်ယောက် မသိကြသေးတဲ့အပြင်၊ သူတို့ရဲ့ နှလုံးသားတွေတောင် မသိလိုက်ခင်မှာပဲ၊ သူတို့ရဲ့ခန္ဓာကိုယ်တွေက အပြန်အလှန်အသိအမှတ်ပြုပြီးသား ဖြစ်နေပြီပေါ့။

"အိုး... ဟုတ်သားပဲ၊ ငါ စစ်သားတွေကို စနောက်တတ်တယ်လို့ တခြားလူတွေက ပြောကြတယ်၊ ဘာလို့လဲဆိုတာ မင်းသိလား?"

စစ်သားလေးက အထစ်အထစ်အငေါ့ငေါ့နဲ့ ပြောတယ်၊ "ဘာလို့လဲဆိုတော့ သူတို့ပြောတာက ဗိုလ်ချုပ်က Alpha တွေကို ကြိုက်တာကြောင့်တဲ့။"

"ဟုတ်တယ်၊ အဲဒါအမှန်ပဲ။" လုမုန့်က ပွင့်ပွင့်လင်းလင်းပဲ ပြောလိုက်တယ်။ "ငါ လီဇီကိုကြိုက်တယ်၊ ပြီးတော့ ငါသူ့ကို အမှတ်အသားပေးပြီးပြီ။ အဲ့တော့ မင်းတို့ကောင်တွေ သူ့နားမကပ်တာကောင်းလိမ့်မယ်။"

ရုတ်တရက် ကြားသိလိုက်ရတဲ့ လျှို့ဝှက်ချက်ကြီးကြောင်​့ စစ်သားလေးခမြာ ထိတ်လန့်ပြီး အူကြောင်ကြောင်ဖြစ်သွားတယ်။

"ပြီးတော့၊ ဟိုတစ်ခါတုန်းက မင်းက ငါတို့ကိုရန်ဖြစ်နေတယ်လို့ ပြောခဲ့တယ်နော်။ ငါတို့ ရန်ဖြစ်နေတာမဟုတ်ဘူး...... တစ်ယောက်ရဲ့ တစ်ကိုယ်ရည် စွမ်းဆောင်နိုင်မှုကို တစ်ယောက် သက်သေပြနေတာ။" ဒီစကားအသုံးအနှုန်းက ပိုပြီးသင့်လျော်တယ်လို့တော့ လုမုန့်ထင်တာပဲ။

Two Alpha's 101st Blind Date (MM Translation)Onde histórias criam vida. Descubra agora