Part 13: သူစိတ်ဆိုးလိမ့်မယ်

1.3K 257 1
                                    

(Unicode)
.
.
.
"သား၊ မျက်ဆံအနက်နဲ့ ဆံပင်အနက်ရောင်ရှိတဲ့ အိုမီဂါဆို ဘယ်လိုထင်လဲ? သူ(သူမ)က တော်တော်လေးလည်း အရပ်ရှည်တယ်။" မားမားလုက အမျိုးသမီးရဲ့ပုံစံကို လက်ဟန်ခြေဟန်လုပ်ပြနေတယ်၊ မသိရင် သူ့(သူမ)ရဲ့ သားဆီမှာ ရတနာတစ်ခုအကြောင်း တင်ဆက်နေသလိုပဲ။

လုမုန့်က တိတ်ဆိတ်နေတယ်၊ သူ့ရဲ့ ဆံပင်တွေက လီဇီရဲ့ဆံပင်လောက် နှစ်လိုဖွယ်မရှိဘူး၊ ဒါမှမဟုတ် သူ့ရဲ့မျက်လုံးတွေက လီဇီရဲ့မျက်လုံးတွေလောက် မနက်ရှိုင်းဘူးလို့ ပြောလိုက်လို့ ဖြစ်မလားဆိုတာ သူသိချင်မိတယ်။

အမျိုးသမီးဘေးမှာ နားထောင်ဖို့ ခဏတာ တွန်းအားပေးခံခဲ့ရပြီးနောက်၊ လုမုန့် သူ့အမေရဲ့ မျှော်လင့်စောင့်စားနေတဲ့ မျက်လုံးတွေကို နောက်တစ်ကြိမ် စွေကြည့်လိုက်တယ်။ "အမေ၊ သူက စကားများလွန်းတယ်။"

တကယ်တော့ မားမားလုက သူ့ရဲ့သားက စကားများများပြောတဲ့သူမျိုးကို စိတ်ဝင်စားလိမ့်မယ်လို့ ယူဆခဲ့တာဖြစ်သည်။ သူက စိတ်မချမ်းမြေ့ပုံပေါ်နေတဲ့ လုမုန့်ကို စကားပြောဖို့ ဘေးကိုခဏဆွဲခေါ်လိုက်တယ်။ "သား၊ အမေက မင်းကို  အမျိုးသမီးအိုမီဂါနဲ့ လက်ထပ်စေချင်တယ်ဆိုပေမဲ့၊ မင်း ဘီတာတွေကို ကြိုက်တယ်ဆိုလည်း အဆင်ပြေပါတယ်။" သူတို့ blind date တွေ စီစဉ်ပေးကတည်းက၊ သူတို့က အရင်ဆုံး သူ့ကို အိုမီဂါတစ်ယောက်ရှာပေးဖို့ ကြိုးစားခဲ့ကြတယ်။ ပါးပါးလုနဲ့ မားမားလုက အယ်လ်ဖာနဲ့ အိုမီဂါ စုံတွဲဖြစ်နေတာကြောင့်၊ ပုံမှန်အတိုင်းပဲ ဒီလိုဆက်နွယ်မှုမျိုးကသာ အကောင်းဆုံးနဲ့ အတည်ငြိမ်ဆုံး ဖြစ်လိမ့်မယ်လို့ သူတို့ခံစားခဲ့ရတယ်။

လုမုန့်က ခေါင်းခါပြလိုက်တယ်။ "မဟုတ်ပါဘူး။ တပ်ခွဲထဲမှာ ဘီတာတွေအများကြီး ရှိပါတယ်၊ ဒါပေမဲ့ ကျွန်တော်ကြိုက်တဲ့သူဆိုတာမျိုး မတွေ့ခဲ့ရဖူးဘူး။"

"ဒါဆို မင်း ယောက်ျားလေးတွေကို ကြိုက်တာလား?" မားမားလုက ဂရုတစိုက်မေးတယ်။ ရုတ်တရက် လုမုန့်အလန့်တကြားဖြစ်သွားပုံကို သတိပြုမိသွားပြီး၊ သူခန့်မှန်းတာမှန်ကြောင်း တွေးလိုက်မိတယ်။ "ဒီကလေးကတော့။ ယောက်ျားလေးတွေကိုကြိုက်တာက ကိစ္စကြီးမဟုတ်ပါဘူး။" မားမားလုက နူးညံ့ပြီး သိမ့်မွေ့တဲ့ ချွေးမလေးရချင်တယ်ဆိုတာ မှန်ပါတယ်၊ ဒါပေမဲ့ သူ့သားရဲ့ ပျော်ရွှင်မှုက သူ့အတွက် အရေးကြီးဆုံးပဲ။

Two Alpha's 101st Blind Date (MM Translation)Donde viven las historias. Descúbrelo ahora