Part 16: အကြိမ်ပေါင်း တစ်ရာ
1.3K 258 1
(Unicode)
.
.
.
"နာတယ်"
"ပါးစပ်ပိတ်ထား!"
"အားဇီ၊ ငါဒဏ်ရာရထားတယ်လေ။ မင်း အရမ်းရက်စက်တာပဲကွာ။"
"မင်း ရှေ့တန်းမှာ မင်းအသက်နဲ့ ကစားနေတာလား?" လီဇီ အကြင်နာမဲ့စွာ ဒဏ်ရာကို တင်းတင်းကြပ်ကြပ် စည်း​ေနှာင်လိုက်တယ်။
"စိတ်မဆိုးပါနဲ့၊ စိတ်မဆိုးပါနဲ့။ ဒါက သတိလက်လွတ်ဖြစ်မိတဲ့ အမှားလေးပဲမဟုတ်ဘူးလားကွာ?"
"နောက်တစ်ခါ မင်း ရေနက်ပိုင်းဘက် ခေါင်းလှည့်ရဲလှည့်ကြည့်။ ငါမင်းကို ထပ်မနှောက်ယှက်တော့ဘူး။ ချက်ချင်း ပြောင်းရွှေ့ခွင့် တင်ပစ်လိုက်မယ်။"
"မလုပ်ပါနဲ့၊ မလုပ်ပါနဲ့၊ မလုပ်ပါနဲ့။" အဲဒီတုန်းက လုမုန့် ရင်းနှီးတဲ့ ပုံရိပ်တစ်ခုနောက်ကို လိုက်နေခဲ့တာဖြစ်တယ်၊ သူ ဒီလူ့ကို ဘယ်မှာမြင်ဖူးတာပါလိမ့်? ဒါပေမဲ့ နောက်ဆုံးတော့ သူကဓားနဲ့ထိုးတာ ခံလိုက်ရပြီး၊ ရန်သူကတော့ ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်။
"အားဇီ၊ ငါ့ကို စောင့်ပါဦး..... စိတ်လျော့ပါကွာ။ နောက်ဆို ဒီလိုအန္တာရယ်များတာမျိုး​တွေ မလုပ်တော့ပါဘူး၊ ငါကျိန်ရဲပါတယ်။"
"မင်းလုပ်မိရင်ရော?"
"ငါလုပ်မိရင်.... ငါ့ဘဝတစ်လျှောက်လုံး အပြစ်ပေးတဲ့အနေနဲ့ blind date တွေ ဘယ်တော့မှ မအောင်မြင်ပါစေနဲ့ကွာ။"
"သတိပေးပါရစေ၊ အထူးဗိုလ်ချုပ်လု၊ ခင်ဗျား blind date လုပ်တာ အကြိမ်တစ်ရာ ကျရှုံးနေပြီးသားနော်။"
"သတိပေးတာကို ကျေးဇူးတင်ပါတယ်။ အထူးဗိုလ်ချုပ်လီလည်း အတူတူပါပ​ဲ​ေလ။"
..................................
"နောက်တစ်ကြိမ် ဖြစ်လာမယ်ဆိုရင်၊ ငါချက်ချင်း ပြောင်းရွှေ့ခွင့်တင်တော့မှာ။"
"မဖြစ်ဘူး၊ မလုပ်ပါနဲ့။ ငါဘယ်လောက် အအေးကြောက်လဲဆိုတာ မင်းသိပါတယ်ကွာ။ ငါ နှင်းတောင်တွေကြားမှာ ခိုအောင်းမနေချင်ဘူးလို့..နော်။"
"ငါတစ်ယောက်တည်း သွားမှာ။"
"လီ! ဇီ! မင်း ရန်ဖြစ်ချင်နေတာလား?!"
"မင်းတို့နှစ်ယောက်လုံး! တော်တော့၊ ဒဏ်ရာရထား​​ြကတာတောင် ရန်ဖြစ်နေတုန်းပဲ။ ငါ့ဓာတ်ခွဲခန်းထဲ လာခဲ့ကြ။"
(Zawgyi)
.
.
.
"နာတယ်"
"ပါးစပ်ပိတ်ထား!"
"မင်း ရှေ့တန်းမှာ မင်းအသက်နဲ့ ကစားနေတာလား?" လီဇီ အကြင်နာမဲ့စွာ ဒဏ်ရာကို တင်းတင်းကြပ်ကြပ် စည်းနှောငျလိုကျတယျ။
"မင်းလုပ်မိရင်ရော?"
..................................
Two Alpha's 101st Blind Date (MM Translation)Tempat cerita menjadi hidup. Temukan sekarang