(Unicode)
.
.
.
လုမုန့် အိမ်မက္်ကနေလန့်နိုးလာတယ်၊ ပြီးတော့ သူ့အိမ်မက္်ထဲကလူက အခု သူ့ရဲ့ကော်လာကို ဆုပ်ကိုင်ထားတယ်။ "အ.....အားဇီ?""လေ့ကျင့်ရေးကွင်းထဲသွားမယ်"
လုမုန့်ရဲ့မျက်လုံးတွေထဲမှာ ဝမ်းနည်းညှိုးငယ်မှုအနည်းငယ် ခိုအောင်းနေဆဲပင်။ "မသွားချင်ဘူး"
စဥ်းစားဖို့အခွင့်အရေးတောင် မပေးဘဲ၊ လီဇီက သူ့ကို လေ့ကျင့်ရေးကွင်းဆီ တိုက်ရိုက်ဆွဲခေါ်တော့တယ်။ လေ့ကျင့်ရေးကွင်းထဲမှာ လေ့ကျင့်နေကြတဲ့သူတိုင်းက သူတို့ရဲ့တပ်မှူးတွေရောက်လာတာမြင်တာနဲ့ တစ်ယောက်ချင်း အလေးပြုနှုတ်ဆက်ကြတယ်၊ အဲဒီနောက် ခေါင်းဆောင်တွေအတွက်နေရာပေးဖို့ နောက်ကိုဆုတ်သွားကြေတာ့တယ်။
ချက်ချင်းပဲ လီဇီတစ်ယောက် ဝုန်းခနဲ ခုန်အုပ်လာတာကို လုမုန့်ကြည့်နေမိတယ်၊ သူ လှိမ့်ထွက်ပြီး ချက်ချင်း ထခုန်လိုက်တယ်။ "What the fuck! မင်းရူးနေပြီပဲ...."
လီဇီက သူ့ရဲ့ဘဝကို လုံးဝဂရုမစိုက်တော့သလိုမျိုး၊ အဆုံးထိကို သူ လုမုန့်ကို ရို်က်နှက်ဖို့ လက်တွေ့ကျကျ ဆောင်ရွက်နေတယ်။
အမြင်အာရုံကောင်းတဲ့သူတိုင်း အစောကတည်းက သူတို့ရဲ့ လမ်းကြောကနေ ရှောင်ထွက်နေကြပြီ၊ သိသာနေတာပဲမလား? အထူးဗိုလ်ချုပ်လီရဲ့ စိတ်အခြေအနေက သိသိသာသာကို ဆိုးရွားနေတယ်လေ။
လုမုန့်က လီဇီကိုချုပ်ထားပြီး၊ သူ့ရဲ့အရေပြားပေါ်က စိုစွတ်မှုကို သတိထားမိသွားတယ်။ "မင်း ရေချိုးပြီးပြီးချင်း၊ ရန်ဖြစ်ချင်နေတယ်ပေါ့လေ?"
"လီဇီ၊ မင်းဘာဖြစ်နေတာလဲ?" လီဇီ နောက်တစ်ခါ ထဖောက်မှာ စိုးတာကြောင့်၊ လုမုန့် ကိုယ်နဲ့ သူ့ကို ဖိချထားတယ်။
လီဇီက သူ့ဆီကို အကြည့်တစ်ချက်ပစ်လွှတ်လိုက်တယ်၊ အဲဒီနောက် အကြည့်တွေကိုပြန်ရုပ်သိမ်းပြီး၊ မျက်နှာကြက်ကိုသာ စိုက်ကြည့်ရင်း ခပ်တိုးတိုး ရေရွတ်လိုက်တယ်။ "ငါရဲ့ ပေကတ်ကတ်နိုင်တဲ့ကာလလေ။"
လုမုန့် သူ့ကို ဗလာသက်သက်စိုက်ကြည့်ပြီး၊ မြေပြင်ပေါ်ကို လက်သီးနဲ့ထိုးချလိုက်တယ်။ "ငါ့ကို ပေါက်ကရတွေ လာပြောမနေနဲ့။ မင်းဘာတွေ အရူးထနေတာလဲ?"
KAMU SEDANG MEMBACA
Two Alpha's 101st Blind Date (MM Translation)
FantasiThe story of two alphas failing at blind dates together. That is, except for their last one. Original Author - 桃之幺 MM Translator - A Yint Yao 31 Chapters + 2 Extras Disclaimers: * This is just a translation work. * I do not own the story. * I do n...