“ အိမ်ပြန်လာခဲ့ လိုချင်တာအကုန်ဖြည့်ဆည်းပေးမယ်။ မင်းအဖွားက မင်းကိုဘယ်နှစ်ကြိမ်များ စိတ်ထိခိုက်အောင်လုပ်ဖူးလို့လဲ အာခီဟီကို။ သေသေချာချာပြန်စဉ်းစားကြည့်စမ်းပါဦး”
အခန်းတံခါးဝကိုရောက်ရောက်ချင်းမှာပဲ ကြားလိုက်ရတဲ့ ဆုံးမဩဝါဒစကားသံက ကျွန်တော့်အတွက်တော့ ကျွတ်တန်းမဝင်နိုင်တဲ့ တစ္ဆေသရဲတစ်ကောင်ကို အမျှပေးဝေနေတဲ့ တရားသံလိုပါပဲ။ နားထဲ ပွက်ပွက်ဆူနေတဲ့သံရည်ပူတွေ ဒလဟော စီးဝင်သွားသလို အသည်းလှိုက်ပြီး တဆတ်ဆတ်ခါလောက်တဲ့အနေအထားမျိုးနဲ့ နာကျင်ရပါတယ်။ ဒါဟာ ကျွန်တော့်ရဲ့ ချစ်လှစွာသော အာခီ ကို သူ့အဖွားက ကျွန်တော့်အနားက ဝေးအောင် ဆိုဆုံးမနေတဲ့ စကားသံပါပဲ။
ကျွန်တော်ချစ်လို့ ရွေးချယ်ပြီး တင်းတင်းကြပ်ကြပ် ဆွဲကိုင်မိတဲ့ သူ့ လက်ကလေးတစ်စုံ။ မသိမသာနဲ့ ဖြေလျော့ခြင်းခံနေရတဲ့ သူ့လက်ကလေး ကို ကျွန်တော်က အားပိုထည့်ပြီး ခပ်တင်းတင်းပြန်ပြီး ဆုပ်ကိုင်လိုက်ရင် သူ့အတွက် အနေများကြပ်သွားမလား စိုးရိမ်ရပြန်တယ်။
“ မင်းလိုချင်တဲ့မိန်းမကို လက်ညှိုးထိုးလိုက်။ ငါလိုက်တောင်းပေးဖို့အဆင်သင့်ပဲ ”
“ အဖွား ကျွန်တော် အဲလောက်ထိ တဏှာမရူးသေးဘူး ”
ဒီအခြေအနေမှာ ကျွန်တော်ဘာလုပ်နိုင်လဲ။
ငါဘာလုပ်နိုင်လဲ ဆိုတဲ့မေးခွန်းကိုပဲ ထပ်တလဲလဲမေးနေမိတယ်။
အဲဒီမေးခွန်းရဲ့အနောက်မှာ ဘာဖြစ်လို့လဲ ဆိုတဲ့ နောက်ထပ်မေးခွန်းတစ်ခုကပါ ကပ်ပြီးပါလာပြန်တယ်။
“ ငါက ဘာဖြစ်နေလို့လဲ။ ငါက မိန်းမတစ်ယောက်နဲ့ တူမနေလို့လား။ ငါ့မှာ မိန်းမတစ်ယောက်ရဲ့ ဂုဏ်သတ္တိတွေရှိမနေလို့လား။ ငါနဲ့ဆိုရင်ရော အာခီက သာယာတဲ့ မိသားစုဘဝတစ်ခုကို ခိုင်ခိုင်မာမာနဲ့ မတည်ဆောက်နိုင်လို့လား။ ငါ့ကြောင့်နဲ့ အာခီ့ ဂုဏ်သိက္ခာတွေကျဆင်းရမှာလား။ အများသူငါ လက်မခံနိုင်တဲ့ ချစ်ခြင်းတရားတွေ ငါ့ဆီမှာရှိနေတာ အပြစ်တစ်ခုဖြစ်သွားလား ”
YOU ARE READING
Lyric Of My Heart Beat || U+Z
RomanceOne-night stand ကောင်လေး နဲ့ Bar မှာ Drum တီးတဲ့ ကောင်လေး တို့ရဲ့ Love Story. 22.3.2022