11

257 8 3
                                    

Phone Ringtone ....

မနက် ကိုးနာရီ၌ပင် တိကျစွာပေါ်ထွက်လာတဲ့ ဖုန်းအသံကြောင့် တွန့်ကြေနေသော မွေ့ယာဖြူဖြူပေါ်မှ ကောင်ငယ်လေးနှစ်ဦး လှုပ်လှုပ်ရှက်ရှက်ဖြင့်။

“ ဟယ်လို ... ”

ငိုက်မြည်းစွာသမ်းဝေရင်း တဖက်သူအား အသိပေးသည်။

“ ဟယ်လိုလုပ်မနေနဲ့ မင်းမထသေးဘူးမလား
ငါတို့ မင်းတိုက်ခန်းအရှေ့တောင်ရောက်နေပြီ
တံခါးလာဖွင့်ပေးဦး ”

ထိုအခါမှ အာခီငေါက်ခနဲ ထထိုင်မိသည်။

ညက ဘီယာသောက်ကာ နှစ်ယောက်အဆင်ပြေပြေစကားပြောနိုင်ခဲ့သဖြင့် Lyrics အခန်းထဲ အာခီရောက်နေခြင်းပင်။

ထိုစဉ် Lyrics ဖုန်းသည်လည်း တတီတီနှင့်မြည်လာသည်။

“ Lyrics ... ”

တဖက်လူအားပြေးမကြည့်သော်လည်း OK ဖြစ်ကြောင်း ခန့်မှန်းမိသည်။

“ ပြောပါ ”

“ Tutorial ရှိတယ်လေ မင်းအခုထိမထသေးဘူးလား
ဒီ tutorial မှာ စာမေးပွဲကဟာတွေကို spoiler ပေးမယ်ပြောတယ် ”

“ ဒီနေ့က ဘာနေ့ ”

Lyrics တိုတိုရှင်းရှင်းမေးခွန်းထုတ်သည်။

“ Friday လေ Friday ... Paper 1 ရော 2 ပါ Tutorial ရှိပါတယ် ခါ့ ”

အခုထိ အိပ်ရာမှမထသေးသည့်ထိုင်ကောင်လေးအား OK စိတ်မရှည်နိုင်။

“ တံခါးလာဖွင့် .. ငါမင်းအခန်းရှေ့မှာ ”

Lyrics လည်း ချက်ချင်းပင် အိပ်ခန်းထဲမှပြေးထွက်ကာ တံခါးသွားဖွင့်လေတော့ အာခီပါ ထထွက်လာသည်။

ဆံပင်များဖွာလန်ကြဲကာ အိပ်ရာထလာသူ နှစ်ဦးသည် အပြင်ပတ်ဝန်းကျင်ကိုပင် ရှင်းရှင်းလင်းလင်းမြင်ပုံမပေါ်။

ရုတ်တရက်ဆိုသလို

“ ငါ့ကောင်တွေရေ အာခီဟိုကိုကတော့ ရာထူးတိုးသွားပါပြီ ဂုဏ်ပြုလိုက်ကြပါဦး ”

Sky ရဲ့ စနောက်လှောင်ပြောင်မှုနှင့်အတူ Grey နှင့် Zero ရဲ့ လက်ခုပ်သံသည်ကား တပြိုင်နက်ထွက်ပေါ်လာသည်။

“ ဘယ်လောက်တောင်မှများသွားလို့လဲ အခုထိမထသေးတာက ”

အာခီ့သူငယ်ချင်း၏ စည်းကျော်ကာ စနောက်မှုအား Lyrics မခံနိုင်။

Lyric Of My Heart Beat || U+ZWo Geschichten leben. Entdecke jetzt