22

1.4K 54 2
                                    

“ ပျွတ် ”

ခနဲမြည်အောင် သူ့နဖူးလေးကို ဖိကပ်ပြီးနမ်းလိုက်မှ တအိအိညည်းရင်း ခြေလက်‌ဆန့်ပြီး ဒီကောင်လေးနိုးလာတယ်။

“ ဟင်း ခင်ဗျားပြန်ရောက်နေပြီလား”

တဲ့လေ။ ကျွန်တော် ညက ဘယ်အချိန်ပြန်ရောက်လဲဆိုတာတောင် သတိမထားမိနိုင်ဘဲ အိပ်ပျော်နေတဲ့ ကောင်ငယ်လေး။

တစ်ညလုံး သူ့ဘေးမှာ အိပ်နေတာတောင် သိမယ့်ပုံမပေါ်။

“ ညကတည်းက ကိုယ်ပြန်ရောက်နေတာလေ ”

“ ကျွန်တော်အရမ်းအိပ်ပျော်နေလို့ထင်တယ် သိတောင်မသိလိုက်ဘူး ”

ဒီကောင်ကလေးရဲ့အဖြေက ကျွန်တော်ထင်ထားသလိုပါပဲ။

“ အိပ်ရေးပျက်မှာစိုးလို့ ကိုယ်လည်းမနှိုးတော့တာ”

သူ့နံဘေးမှာ ကျွန်တော် တင်ပါးလွှဲဝင်ထိုင်မိတယ်။

နိုးနိုးချင်းရှုပ်ပွနေတဲ့ သူ့ဆံပင်အိအိတို့ကို ကျွန်တော်ဟာ လှမ်းမဖွဘဲ မနေနိုင်ခဲ့ပါဘူး။ ပျော့အိတွဲနေတဲ့ သူ့ဆံပင်လေးတွေက သူ့ရဲ့ထင်းနေတဲ့ မျက်ခုံးနက်နက်ရဲ့ အရှိန်အဝါကို ဖုံးကွယ်ဖို့ ကြိုးစားနေပြန်တယ်။

ကျွန်တော်သူ့ကို ပထမဆုံး စတွေ့တုန်းကတော့ ဒီ ဆံပင်ကေ မဟုတ်ပါဘူး။ တနှစ်ကျော်ဆိုတဲ့ အချိန်တိုလေးကို ကျွန်တော်က သူ့ဘေးနားမှာ ခိုကပ်ရင်း အချိန်ကုန်လာခဲ့ရတယ်။ အရင်က ဆေးလိပ်တအားသောက်တဲ့ ဒီကောင်လေး ဟာ အခုတော့ ကျွန်တော့်မျက်စိရှေ့သူဆေးလိပ်သောက်တာ တခါမှတောင် မမြင်မိတော့တဲ့ အထိပါပဲ။

ရှပ်အင်္ကျီကို ကြယ်သီးလေးငါးလုံးဖြုတ်ပြီးမဝတ်ရရင်မနေနိုင်တဲ့ ကောင်လေး။ အခုတော့ ကြယ်သီးဖြုတ်ဖို့တောင်မေ့နေသလားထင်ရပါတယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း သူ့ကိုချစ်မိတော့ သူ့အတွက်အနှောင့်အယှက်ဖြစ်နိုင်မယ့် အကျင့်ဆိုးတွေအကုန်လုံးကို စွန့်လွှတ်ပြီးပြောင်းပစ်ခဲ့တယ်။

ဒါကြောင့်လည်း ကျွန်တော်တို့နှစ်ယောက်ကို

“မကြိုက်တာကိုမကြိုက်ကြောင်း ပြောစရာမလိုဘဲ အလိုက်သိတဲ့ စုံတွဲ”

Lyric Of My Heart Beat || U+ZWhere stories live. Discover now