18

78 5 2
                                    

“ ရွှတ် ”

Lyric မည်သို့ပင်အိပ်မောကျနေပါစေ အာခီ့အနမ်းဖွဖွသည် သူ့ ရင်ဖတ်တစ်ခုလုံး ဗလောင်ဆူစေလောက်သည်အထိ အင်အားကြီးမားကာ ရင်ခုန်သံလှိုင်းများ ရိုတ်ခတ်စေရန်အထိသက်ရောက်မှုအား ကောင်းလွန်းလှသည်။

“ ဟင် ခင်ဗျား ပြန်ရောက်နေပြီလား ”

တစ်ညလုံး အဖွားဖြစ်သူနေမကောင်းသဖြင့် ဆေးရုံသွားမည်ဟု အသိပေးကာ ထွက်သွားသူသည် မနက်စောစော၌ပင် ရုတ်တရက်ဆန်စွာ အခန်းထဲပြန်ရောက်လာသည်။

“ အင်း ကိုယ်အခုပဲ ပြန်ရောက်တာ ”

Lyric နံဘေး လွတ်နေသည့် နေရာကွက်လပ်၌ အာခီ ခန္ဓာကိုယ်တစ်လုံးကို ရှိရှိသမျှအားနှင့် ပစ်လှဲကာ နေရာယူသည်။

“ တစ်ညလုံးအဖွားကိုဂရုစိုက်ပေးနေရလို့ ပင်ပန်းသွားပြီလား ”

အာခီ အလွန်ပင်ပန်းခဲ့သည်။ စိတ်ရော ကိုယ်ပါ နွမ်းလျပင်ပန်းနေခဲ့ခြင်းဖြစ်သည်။ အသက်ရှူလိုက်တိုင်း နံရိုးနှစ်ခုအကြားရှိ နေရာအလွတ်ကိုဆွဲဆုတ်ခံနေရသည့်နှယ်မောဟိုက်နေသည်။

ရင်ဖတ်တစ်လုံးသည် မျှော်လင့်ချက်ရောင်ခြည်များ ကင်းမဲ့ကာ ပျော်ရွှင်မှုတို့သည်လည်း ဗလာနတ္ထိပင်။

“ အင်း ကိုယ်ပင်ပန်းနေတယ် ”

သို့သော်လည်း အဘယ်သို့ပင်ပန်းရသည်ကို Lyric အား သူ ထုတ်မပြောရက်။ သူ့မိသားစု ၏ တစ်ယူသန် အယူဝါဒကြောင့် ပွင့်လင်းကာ သွက်လက်ချက်ချာလွန်းသည့် သူ့ကောင်ငယ်လေးအား စိတ်မထိခိုက်စေချင်။

ငြင်းဆန်ခွင့်မရသည့် မိသားစုဥပဒေသကြောင့် တစ်ညလုံး အဖွားနှင့် အမေ၏ ဩဝါဒများအား ခေါင်းငုံ့ငြိမ်ခံခဲ့ရသည်မို့ အာခီတစ်ယောက်အင်အားများ ယုတ်လျော့လျက်။ 

“ အဖွားက သက်သာရဲ့လား ”

သူသည် ယခု ရက်ပိုင်းများ၌ Lyric အား တစ်ကြိမ်တစ်ခါမက နှစ်ကြိမ် နှစ်ခါဟု မဆိုသာ ၊ အကြိမ်ကြိမ် အခါခါပင် လိမ်နေမိသည်။

“ သက်သာပါတယ် ”

‌အိမ်ပြန်လာစေရန် တမင်တကာပင် လိမ်၍ခေါ်လိုက်သည့် အမေဖြစ်သူအား အာခီ ဒေါသ ထွက်ရသည်။ အဖွား၏ ရေးရိုးစွဲ အယူသီးမှုအားလည်း အာခီ စိတ်ပျက်မိသည်။

Lyric Of My Heart Beat || U+ZNơi câu chuyện tồn tại. Hãy khám phá bây giờ