1

1.8K 78 27
                                    

လွန်ခဲ့သော လေးနှစ်ခန့်က .......

Zan Bar ၏ ထုံးစံအတိုင်းပင် ညနက်လာလေလေ လူစည်ကား‌လာလေလေပင်။

Bar ၏ ပင်တိုင် Music Band သည် ညသန်းခေါင်ကျော်မှသာ ဖျော်ဖြေတတ်သည်မို့ ထိုကဲ့သို့ လူစည်ကားနေခြင်းဖြစ်သည်။

Bar အတွင်း ဟိုတဝိုင်းသည်တဝိုင်းနှင့် ပျော်နေပါးနေကြသည့် လူငယ်လူရွယ်တို့သည် ကိုယ့်အာရုံနှင့်ကိုယ် စကားစမြည်ပြောကြ သောက်ကြစားကြဖြင့်။

ချောင်ကျသော ထောင့်တနေရာတွင်ကား မီးရောင်မှိန်ပြပြ၏ အကူအညီဖြင့် လူငယ်တစ်စုသည် ဝိုင်းဖွဲ့ကာ စကားစမြည်ပြောရင်း အချိန်ဖြုန်းနေကြသည်။

" ဒါငါ့ညီ ဟာရူကီ "

အာခီဟီကိုသည် မနေ့တနေ့ကမှ ဂျပန်ကပြန်ရောက်လာသည့် ညီဖြစ်သူနှင့် သူ့သူငယ်ချင်းများအား မိတ်ဆက်ပေးနေခြင်းဖြစ်သည်။

" ဟာရူကီ လည်း အာခီ လို စော်ကြည်ဘဲလေးထင်တယ် "

အဖွဲ့ရဲ့ တစ်ဦးတည်းသော မိန်းကလေး သူငယ်ချင်းက လှမ်းစသည်။

" ငါ့ညီက အခုမှ အထက်တန်းအောင်တာနော် "

အာခီဟီကို က သူငယ်ချင်းမလေးအား ထိုသို့ပြောသည်။

" အာခီ မင်း ဒီညဘယ်သူနဲ့ အိပ်မှာလဲ "

အနားကပ်ကာမေးလာသူက Sky ပင်။

" ငါ့ညီရှိနေတယ်လေ ဘောမို့ စော်ခေါ်အိပ်ရမှာလား "

" မင်းကုတင်ဘေးမှာ လူလွတ်နေရင် အိပ်တတ်လို့လား "

" မင်းလာ အိပ်လိုက် "

" နေစမ်းပါ မင်းဆီမှာ ဟိုပိုးဒီပိုးတွေရှိနေပါဦးမယ် "

" ကွန်ဒုံးသုံးတယ် ဟေ့ကောင် "

နှစ်ယောက်သား အပြန်အလှန် အရွှန်းဖောက်ရင်း စကားနာထိုးသည်။ သူတို့ အာရုံလွတ်နေဆဲမှာ orchid နှင့် ဟာရူကီက အတော်ပင်ရင်းနှီးနေကြပြီ။

" ဟေးဟေး ... ငါ့ညီက ကလေးလေးပဲရှိသေးတာနော် "

" ငါနင့်ညီကို မကိုက်စားပါဘူး ဟယ်
တကယ်ပါပဲ "

Orchid သည် အာခီ ကို မနိုင်သည်မို့ မျက်စောင်းသာ လှမ်းထိုးနေရသည်။

Lyric Of My Heart Beat || U+ZWhere stories live. Discover now